တပ်မတော်သား ၄၁ ဦးကျဆုံးဟု AA ထုတ်ပြန်ချိန် AA အလောင်း ၁၅၀ ရရှိထားဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးပြော
ရခိုင်တပ်မတော် AA က အောက်တိုဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်အတွင်း တပ်မတော်သား ၄၁ ဦးကျဆုံးခဲ့ကြောင်း AAက ထုတ်ပြန်လိုက်ပြီး တပ်မတော်ဘက်ကမူ AA အလောင်း ၁၅၀ ရရှိထားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောဆိုလိုက်သည်။AA ၏ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မင်းပြားမြို့နယ်၊…
စစ်ကြောင်းတစ်ခု မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်မှုဖြစ်လို့ ဒေသခံ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
တပ်မတော်စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာဟာ ကျောက်တော်မြို့တောင် ဘက်အရပ်မှာဖြစ်ပြီး ကန်စောက်တောင်မှာ အခြေစိုက်တဲ့ တပ်မတော်အမြောက် တပ်နဲ့ဆို လေးဖာလုံခန့်သာ ကွာဝေးပါတယ်။ပြိန်းကျေးရွာဘက်ကို တပ်မတော်စစ် ကြောင်း လာရောက်စဉ်မှာ ရွာနဲ့မလှမ်းမကမ်း လယ်ကွင်းပြင်မှာ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုမိုင်းခွဲသံကြားရပြီးနောက် ရွာသားအချို့က ဘုန်းတော်ကြီးကျောင်းကို ထွက်ပြေး ခိုလှုံရာမှာ လက်နက်ကျည်စ ထိမှန်ပြီး ဒဏ်ရာရခဲ့တာလို့ ဒဏ်ရာရသူတွေရဲ့ဆွေမျိုးတစ် ဦးဖြစ်တဲ့ ဦးမောင်လှိုင်ဝင်း ကပြောပါတယ်။“ရွာအရှေ့ဘက်ကချောင်းရှိတယ်။ အဲဒီဘက်က ဗုံးကွဲသလိုကြားရပြီးနောက် အာရ်ပီဂျီနဲ့ပစ်တယ်။…
ကလေးမြို့စည်ပင်ကော်မတီ၏ ယာဉ်ရပ်နားခကောက်ခံမှု ပွင့်လင်းမြင်သာမှုမရှိဟု လွှတ်တော်အမတ်များဝေဖန်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉ – ၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် မြို့တွင်းယာဉ်ရပ်နားခကောက်ခံမှုနှင့် ပတ်သက်ပြီးပွင့်လင်းမြင် သာမှုမရှိဟုဆိုကာ ကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြ ကြသည်။ ကလေးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က “ဒါက ကျနော်တို့ ဒေသခံပြည်သူလူထုနဲ့သက်ဆိုင်တဲ့ကိစ္စဆိုတော့ စည်ပင်သာယာရေးကော်မတီအဖွဲ့က ကျနော်တို့ကိုတိုင်ပင်ခြင်းညှိ နှိုင်းခြင်းမရှိခဲ့ဘူးလေ ကျနော်တို့ကလည်းမသိခဲ့ဘူးနော် အခုအနေအထားအရ ယာဉ်ရပ်နားခကောက်ခံမှုကပွင့်လင်းမြင်သာမှုအားနည်းတယ်” ဟု ပြောသည်။ ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ မြို့တွင်းယာဉ်ရပ်နားခကောက်ခံ သည့်လုပ်ငန်းအား ဦးဆွေဦးဆိုသူမှ လေလံကြေး ကျပ်ငွေ(၁၇၅.၈၀)သိန်းဖြင့် လေလံဆွဲဝယ်ယူရရှိခဲ့ပြီး အောက်တိုဘာလ ၁…
အသစ်တစ်ဖန်တောက်ပတဲ့ မြန်မာနိုင်ငံဖြစ်အောင်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဆို 
အသစ်တစ်ဖန်တောက်ပတဲ့ မြန်မာနိုင်ငံဖြစ်အောင်ဆောင်ရွက်ရန် အသင့်ရှိတယ် ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ကဦးသန်းဌေး ကပြောဆိုလိုက်သည်။အောက်တိုဘာ ၁၇ ရက်၌ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့တွင် ပြုလုပ်သော ပါတီလူငယ် များနှင့်တွေ့ဆုံပွဲ၌ ဒေသခံတစ်ဦးမှ လက်ရှိ စီးပွားရေး ကျဆင်းမှုကို ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ပါက ဘယ်လိုေ ဆာင် ရွက်မှာလည်းဟု မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။ “ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အသစ်တစ်ဖန်တောက်ပလာတဲ့ မြန်မာနိုင်ငံ ဖြစ်အောင် အချိန်တိုတိုအတွင်းမှာ ဆောင် ရွက်နိုင်ဖို့…
သေဒဏ်ခံ လူငယ် ၂ ဦးအတွက် ထိုင်းဘုရင်ထံ အယူခံရေး အလားအလာ
ထိုင်းနိုင်ငံမှာ လိပ်ကျွန်းလူသတ်မူနဲ့ သေဒဏ်ပေးခံရတဲ့ မြန်မာရွှေ့ပြောင်း လူငယ် ၂ ဦးကို သေဒဏ်ပြစ်ဒဏ်ကနေ ထိုင်းဘုရင်းမင်းမြတ်က ခွင့်လွတ်ပေးပါရန် ဆိုတဲ့ အချက်အလက်တွေပါတဲ့ အသနားခံစာ မူကြမ်းကို ဘန်ကောက်မှာရှိတဲ့ ထိုင်းရှေနေများကောင်စီက တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဘန်ကောက်မြို့က မြန်မာသံရုံးကို ပေးပို့ခဲ့ပါတယ်။ဒီအသနားခံထားတဲ့ အယူခံကို အောက်တိုဘာ ၂၁ ရက်နေ့မှာ အပြီးတင်နိုင်ရေး အ တွက် မြန်မာဘက်ကလည်း လုပ်ဆောင်သွားမှာပါ။ ဒီအကြောင်းကိုတော့ ထိုင်းအ ခြေစိုက်…
မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကျင်းပ
မတူပီမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အကောင်အ ထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉း၀၀ နာရီက ဘုံတလာခန်းမ၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က အမှာစကားပြော ကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လျန်တို့က မတူပီမြို့နယ်အတွင်း ပြည်ထောင်စုဘတ်ဂျတ်၊…
လားရာအမြင်များ သဘောတူနိုင်ကြမည်လော
ပြည်ထောင်စုသန္ဓေတည်ရာ ဇစ်မြစ်ကိုသဘောတူညီမှု မရသေးပဲ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန် ပြည်ထောင်စုသ‌ဘောတူညီချက်များရရှိနိုင်ရေး ကြိုပမ်းနေခြင်းဖြင့်၊ ပြသာနာကို ဖြေရှင်းနိုင်မည့် သဘောတူညီချက်များ ရနိုင်မည်လော။ ဖက်ဒရယ်ဆိုသည့် စကားရပ်မျိုးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ထဲတွင် ပါလာ‌သော်လည်း ပြည်ထောင်စုမှ မခွဲထွက်ရနှင့် ခွဲထွက်ခွင့်ဆိုသော စကားရပ်မျိုးကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် သ‌ဘောတူညီမှုရရှိရန် မလွယ်သည့်အချက် ဖြစ်နေသေးသည်။ သည့်အပြင် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နယ်ပယ်များမှ ပုဂ္ဂိုလ်အချို့ ပြောဆိုထားသည့်အချက်များကို…
လာလည်လှည့်ပါ ဘုံတလာကို
ဘုံတလာရေတခွန်ပုံတွေကို လူမှုကွန်ယက်မီဒီယာတွေမှာ ပြန့်နှံ့နေတော့ “ဘယ်မှာရှိလဲ၊ ဘယ်လိုသွားရလဲ” စသဖြင့် မေးမြန်းသူတွေများလာတာမို့ အားလုံးသိရအောင် ဝေမျှ လိုက်ရပါတယ်။ ဘုံတလာရေတခွန်ကို သွားမယ်ဆိုရင် ပခုက္ကူမြို့ကတစ်ဆင့် သွားရပါ တယ်။ ချောက် – ကျွန်းချောင်း – ဆောမြို့ကတစ်ဆင့် ကျောက်ထု၊ ထိုမှတစ်ဆင့် မင်းတပ် – မတူပီကို သွားလို့ရသော်လည်း မင်းတပ်မှ  မတူပီကို ပြေးဆွဲတဲ့ သီးသန့် လိုင်းကား မရှိတာကြောင့်၊ ပခုက္ကူမြို့ကတစ်ဆင့် မတူပီမြို့ကို တိုက်ရိုက်ပြေးဆွဲတဲ့…