ကန်ကြီးထောင့် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်




ကန်ကြီးထောင့် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဝင်တစ်လကျော်ကြာ ဆန္ဒပြခဲ့ကြတဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုံအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ အလုပ်ရှင်နဲ့ ပြေလည်မှုရသွားတာကြောင့် ဒီနေ့မနက်ကစပြီး လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်ပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဝင်ညှိနှိုင်းဖျန်းဖြေမှုကြောင့် ဆန္ဒပြအလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား မနေ့ညက ပြေလည်မှုရသွားပြီး ဒီနေ့မနက်က အလုပ်ပြန်ဆင်းနေတာဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မန်းရွှေလှကြိုင်က ပြောပါတယ်။အလုပ်သမားတွေတောင်းဆိုထားတဲ့  အချိန်ပိုကြေးရရှိဖို့၊ အလုပ်သမားတွေ သဘောမတူဘဲ ဌာနမပြောင်းရွှေ့ဖို့၊ အပိုဆုကြေးကိစ္စကို စက်ရုံဘက်က သဘောတူလက်မှတ်ရေးထိုးခဲ့တာကြောင့် မနေ့ညကစပြီး စက်ရုံရှေ့မှာ ဖွင့်လှစ်ထားတဲ့ အလုပ်သမားသပိတ်စခန်းကို ရုပ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

ဟွာမုံအထည်ချုပ်စက်ရုံက အလုပ်သမား ၅၀၀ ခန့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့ကစပြီး အလုပ်သမားအခွင့်အရေးတွေရရှိဖို့ စက်ရုံရှေ့မှာ သပိတ်မှောက် ဆန္ဒပြခဲ့တာ ၃၆ ရက်ကြာမြင့်ခဲ့ပြီး မနေ့ညကမှ ပြေလည်မှုရခဲ့တာ ဖြစ်ပါတယ်။ဟွာမှုံ အထည်ချုပ်စက်ရုံကို ကန်ကြီးထောင့်မြို့နယ်မှာ ၂၀၁၆ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အလုပ်သမား စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး ဘောင်းဘီအဓိကထား ချုပ်လုပ်ပြီး အင်္ကျီအနည်းငယ် ချုပ်လုပ်နေတာဖြစ်ပါတယ်။ဧရာဝတီတိုငျး ကနျကွီးထောင့ျမွို့နယျ ဟှာမုံအထညျခြုပျစကျရုံက ဆန်ဒပွ အလုပျသမားတှကေို ၂ဝ၂ဝ၊ ဇနျနဝါရီလ ၉ ရကျနေ့က တှေ့ရစဉျ)credit:RFA Photo: LH EO