ကျောက်ကပ်ရောဂါခံစားနေရသည့် သရုပ်ဆောင်ကစ်ကစ်ကွယ်လွန်

ရုပ်ရှင်ဗီဒီယိုဇာတ်ကားများစွာမှာသရုပ်ဆောင်ခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာ(၂၆)ရက် မနက်(၁၀)နာရီ မိနစ်(၄၀)ကကွယ်လွန်ခဲ့ပါတယ်။ သရုပ်ဆောင်ကစ်ကစ်ဟာ ကျောက်ကပ် ရောဂါဝေဒနာကို အချိန်ကာလကြာ မြင့်စွာခံစားနေခဲ့ရပြီး ကျောက်ကပ်အကြိမ်ကြိမ်ဆေးနေရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၂)ရက်က ကျန်းမားရေးပိုဆိုးလာတဲ့အတွက် ဆေးရုံတက် ကုသနေရာကနေ နိုဝင်ဘာ(၂၆)ရက်မှာ ကွယ်လွန်ခဲ့တာပါ။ အခုလို သရုပ် ဆောင်ကစ်ကစ် ကွယ်လွန်သွားတဲ့အပေါ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ အင်မတန်စိတ်မကောင်းဖြစ်ရပြီး နာရေးအတွက် လိုအပ်တဲ့ထောက်ပံ့မူတွေကိုလည်း ပြုလုပ်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်း လွင်ကပြောပါတယ်။

သရုပ်ဆောင်ကစ်ကစ် သက်ရှိထင်ရှားရှိချိန်က ကျောက်ကပ်ဆေးဖို့ ထောက်ပ ံ့ကူညီနေတဲ့သူလည်းဖြစ် အနုပညာ လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆ ောင်ခိုင်နှင်းဝေ ကလည်း ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကို အခုမှကြားရ တာဖြစ်ပြီး ပြီးခဲ့တဲ့(၃)ရက်က ကစ်ကစ်နဲ့ နောက်ဆုံးအကြိမ်ဖုန်းပြောခဲ့ရာမှာ ကျောက်ကပ်ဆေးဖို့ လိုတဲ့ ငွေကြေးကိုတောင်ကူညီခဲ့တယ်လို့ဆိုပါတယ်။

အခုလိုအနုပညာလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ သရုပ်ဆောင် ကစ်ကစ်ကွယ လွန်သွား တဲ့အပေါ် အရမ်းစိတ်မကောင်းဖြစ်မိတယ်လို့လည်း သရုပ်ဆောင် ခိုင်နှင်းဝေ ကပြောပါ တယ်။ သရုပ်ဆောင်ကစ်ကစ်ဟာ အနုပညာလောမှာ အရည်အခ ျင်းရှိတဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပြီး လူချစ်လူခင် ပေါများသူတစ်ဦးအဖြစ် အနုပညာလောကသားတွေရဲ့ အသိအမှတ်ပြုခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါကိုပြင်းထန်စွာခံစားရလို့ ဆေးဝါးကုသနေရချိန်မှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ သူကိုချစ်တဲ့ပရိသတ်တွေက ဝိုင်းဝန်း ကူညီထောက်ပံ့ခဲ့တာတွေများစွာရှိခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ(၂၈)ရက် ရေဝေးသုသာန်မှာ မီးသင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။ သတင်း-ကျော်ကျော်လတ်၊ source photo-ကစ်ကစ်(fb)