ကြေစေအေးစေ

MMID Season-4 အဆိုပြိုင်ပွဲနဲ့ ပတ်သက်ပြီး သက်ဆိုင်သူ​တွေနဲ့ စိတ်ဝင်စားသူ​တွေကို ရှင်းပြချင်တာ​လေးရှိပါတယ်။ ဒီပြိုင်ပွဲမှာ MMID မှအသုံးပြုခဲ့တဲ့ “အလွမ်းက​ဖေး” သီချင်းနဲ့ “အ​ဆောင်သရဲ” သီချင်းအတွက်  MMID  မှ သက်ဆိုင်သူပုဂ္ဂိလ်များကိုယ်စား​ဒေါ်တင်​ဌေးဦးမှ ကိုယ့်ကိုဖုန်းဆက်​ပြီးတောင်းပန်စကား၊ ခွင့်ပန် စကား ဆိုခဲ့ပါတယ်။

အနုပညာ​ကြေးကိုလည်း ကိုယ် သတ်မှတ်​ပေးတဲ့အတိုင်း သီချင်း နှစ်ပုဒ်စာကို ဒီက​နေ့နေ့လည်က ဂီတအစည်းအရုံး ရုံးခန်းမှာ ​​ပေးခဲ့ပါတယ်။ လက်ခံရရှိ​ကြောင်းလက်မှတ်​ရေးထိုး​ပေးခဲ့ပါတယ်။ဒီအတွက် MMID မှ သက်ဆိုင်သူအားလုံးကို​ကျေးဇူးတင်ရှိပါတယ်။

​နောက်တစ်ချက်က “အကုန်သိမီဒီယာ” မှာ ကိုယ်ပြောခဲ့တဲ့ “သူ​တောင်းစား​ပေးသလို​ပေးတယ်” ဆိုတဲ့စကားဟာ ကိုယ်​ကျော်ဖြတ်ခဲ့တဲ့ဂီတသမိုင်းမှာ အဖဲ့ခံရမှုအားလုံးကို ရည်ညွှန်းပါတယ်။ MMID ကို သီးသန့်လက် ညှိုးထိုးရည်ညွှန်း​ပြောဆိုခြင်းမဟုတ်ပါ။ စကားဆက်သွားလို့ သူတို့ကို​ ဦးတည်ပြောသလို ဖြစ်သွားတာပါ။

ပြီးခဲ့တဲ့ အဆိုပြိုင်ပွဲ​တွေမှာ ခွင့်ပြု​တောင်းဆိုမှု မပြုဘဲ မိမိသီချင်းကို စိတ်ကြိုက်အသုံးပြုပြီးမှအနုပညာ​ကြေးကို သူတို့သတ်မှတ်တဲ့​​စျေးနဲ့ ​သူ​တောင်းစား ​ပေးသလို ပေးခဲ့တာကို ရည်ညွှန်းပြောဆိုခြင်းသာဖြစ်ပါတယ်။ ဒီအတွက်သက်ဆိုင်သူ​တွေ နားလည်​ပေး​စေချင်ပါတယ်။ ​နားလည်​ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

​နောက်ဆုံးတစ်ခု​ ​ပြောခွင့်ပြုပါ။”ပြောမှသိ ထိမှနာ” မဖြစ်​အောင်​ ​ဆောင်ရွက်​ ပေးကြပါ။ စည်းထားရင် အားလုံးလှသွားမှာပါ။သီချင်းတစ်ပုဒ်ဟာ ​ကောင်းကင်က ကျမလာသလိုပင်လယ်ထဲမှာ ဆင်းပြီးငုပ်ရှာလို့မရပါဘူး။သီချင်း​ရေးဆရာရဲ့ နှလုံးသားထဲက​နေ ​မွေးထုတ်ယူရတာပါ။ ကိုယ်ပိုင်သံစဥ်သီချင်းကို ​ပြောတာ​နော်။အားလုံးရွှင်လန်းချမ်း​မြေ့ကြပါ​စေ။အနုပညာ​ကြေးအတွက် MMID အဖွဲ့သားအားလုံးကို ​ထပ်မံပြီး ကျေးဇူးတင်ပါတယ်။credit: John Tin Zam