တပ်က ရခိုင်တိုက်ပွဲမှာ အတွဲလိုက်ဒုံးနဲ့ ဟောင်ဝှစ်ဇာတွေသုံး






တပ်က ရခိုင်တိုက်ပွဲမှာ အတွဲလိုက်ဒုံးနဲ့ ဟောင်ဝှစ်ဇာတွေသုံးဖျက်အားပြင်းလက်နက်ကြီး အတွဲလိုက်ပစ်ဒုံး ၁၂၂ မမနဲ့ တင့်ကားမှာတပ်ဆင်အသုံးပြုတဲ့ ၂၄၀ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေကို အသုံးပြုပြီး ရက္ခိုင့်တပ်တော် AA ကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ လန်ဒန်အခြေစိုက် Jane’s Defence က ရေးသားဖော်ပြထားပါတယ်။

လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်ရေးနဲ့ တပ်မတော် ခြေမြန်တပ်ရင်းတွေကို ထပ်မံအင်အားဖြည့်တင်းနေတာတွေကိုလည်း တွေ့ရတယ်လို့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ထုတ် Jane’s Defence သတင်းမှာ ဖော်ပြထားတာပါ။

လုံခြုံရေးဆိုင်ရာသတင်းတွေ၊ AA နဲ့ ဆက်စပ်သတင်းရင်းမြစ်တွေဆီကနေ ရရှိတဲ့ ဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးခဲ့လို့ သိရှိရတာလို့လည်း ဆိုထားပါတယ်။ တပ်မတော်က တင့်ကားတပ်တွေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီနဲ့ ဧပြီလကတည်းက ရခိုင်ဘက်ကို ပို့ဆောင်ထားတယ်လို့လည်း ဖော်ပြပါတယ်။တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း တပ်မတော်ဘက်က အသုံးပြုတဲ့အကြောင်းကို လိုအပ်ချက်အရ စစ်ပွဲမှာသုံးတယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့ကို ဖြေဆိုထားပါတယ်။

တပ်မတော်ဘက်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ စစ်သင်္ဘောနဲ့ မြေပြင်လက်နက်ကြီးပစ်ကူ ဘက်စုံသုံးပြီး AA ကို အခုရက်ပိုင်းမှာ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ (ရက်ခိုင့ျတပျတောျ AA က ထုတျပွနျထားတဲ့ အတှဲလိုကျပဈဒုံး ၁၂၂ မမ လကျနကျကွီး အစိတျအပိုငျးတခြို့ကို တှေ့ရစဉျ)credit:RFA