ဖက္ဒရယ္စနစ္ႏွင့္ ဒီမိုကေရစီစနစ္ လမ္းေၾကာင္းေပၚတြင္ ေလၽွာက္သြား နိုင္ေအာင္ ပါတီေထာင္ျခင္း ျဖစ္ေၾကာင္း သူရဦးေရႊမန္းေျပာ

ဖက္ဒရယ္စနစ္ကို မွန္ကန္စြာ က်င့္သုံးနိုင္ျခင္းျဖင့္ ဒီမိုကေရစီစနစ္ ရွင္သန္ခိုင္ မာနိုင္မည္ျဖစ္ေၾကာင္း၊ ဖက္ဒရယ္စနစ္သည္ နိုင္ငံဖြံ့ၿဖိဳး တိုးတက္ေရးႏွင့္ ညီညြတ္ေရးကိုလည္း ျဖစ္ထြန္းေစနိုင္သည့္ ထူးျခားခ်က္မ်ား ရွိပါေၾကာင္း၊ထို႔အတူ ညႇိႏွိုင္းေပါင္းစပ္ ေဆာင္ရြက္ သည့္ အေလ့အက်င့္ေကာင္းမ်ားကိုလည္း အားေပးသည့္ စနစ္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ နိုင္ငံကို ဖက္ဒရယ္ဒီမိုကေရစီ လမ္းေၾကာင္း ေပၚတြင္ ခိုင္မာစြာေလၽွာက္လွမ္းနိုင္ေအာင္ ပါတီ တည္ေထာင္ျခင္းျဖစ္ေၾကာင္း သူရဦးေရႊမန္းက ေျပာၾကားလိုက္သည္။

ေက်ာက္တံခါးၿမိဳ႕နယ္၊ သရက္စိန္ေက်းရြာႏွင့္ အုတ္တြင္းၿမိဳ႕နယ္၊ ကၽြဲပြဲၿမိဳ႕တို႔ရွိ ပါတီဝင္မ်ားႏွင့္ သီးျခားစီ ေတြ႕ဆုံစဥ္ သူရဦးေရႊမန္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။ထို႔အတူ ဒီမိုကေရစီအခြင့္အေရး၊ လူ႔အခြင့္အေရးမ်ားကို အေလးထား ေဆာင္ရြက္မည္ျဖစ္ေသာ္လည္း နိုင္ငံသားမ်ား၏ မူလအခြင့္အေရးမ်ား ရရွိေရးကို ပိုမိုဦးစားေပး ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ နိုင္ငံသားမ်ား၏ မူလအခြင့္အေရးျဖစ္သည့္ Citizen Fundamental Rights မ်ား မရရွိဘဲႏွင့္ ဒီမိုကေရစီအခြင့္အေရးႏွင့္ လူ႔အခြင့္အေရးမ်ား ရရွိရန္မွာ ခက္ခဲပါေၾကာင္း သူရဦးေရႊမန္းက ေျပာၾကားခဲ့သည္။

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် လျှောက်သွား နိုင်အောင် ပါတီထောင်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းပြောဖက်ဒရယ်စနစ်ကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာနိုင်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ညီညွတ်ရေးကိုလည်း ဖြစ်ထွန်းစေနိုင်သည့် ထူးခြားချက်များ ရှိပါကြောင်း၊ထို့အတူ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများကိုလည်း အားပေးသည့် စနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်အောင် ပါတီ တည်ထောင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားလိုက်သည်။

ကျောက်တံခါးမြို့နယ်၊ သရက်စိန်ကျေးရွာနှင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တို့ရှိ ပါတီဝင်များနှင့် သီးခြားစီ တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ထို့အတူ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးများကို အလေးထား ဆောင်ရွက်မည်ဖြစ်သော်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိရေးကို ပိုမိုဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် Citizen Fundamental Rights များ မရရှိဘဲနှင့် ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ရရှိရန်မှာ ခက်ခဲပါကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။ The Ladies News