မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရး သင္တန္းကို ပထမဦးဆုံးအေနျဖင့္ သင္တန္းကာလ (၃)လ ဖြင့္လွစ္မည္

မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရး သင္တန္းကို ပထမဦးဆုံးအေနျဖင့္ သင္တန္းကာလ (၃)လ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လူမႈေရး ၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာၾကား လိုက္သည္။မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ ထူေထာင္ေရး သင္တန္း ဖြင့္ပြဲ အခမ္းအနားကို ႏို၀င္ဘာ၂၆ ရက္က  မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရားလမ္းရွိ ရန္ကုန္တိုင္းေဒသႀကီး လူမႈဝန္ထမ္း႐ုံး၊ ခန္းမ၌ ျပဳလုပ္ရာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ဦးနိုင္ငံလင္း တက္ေရာက္၍ အဖြင့္အမွာစ ကား ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ရန္ကုန္တိုင္းေဒသႀကီး အတြင္းမွာရွိတဲ့ ျပန္လည္ထူေထာင္ေရး ဦးစီးဌာန၊ မူးယစ္ ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရး စခန္းမ်ားမွာ စခန္းအေျချပဳ သင္တန္းမ်ား ကို ယခင္က သင္တန္းကာလ (၃၅)ရက္ ဖြင့္လွစ္ ေဆာင္ရြက္လ်က္ရွိရာမွာ ယခုဆိုရင္ နိုင္ငံေတာ္အစိုးရ၏ လမ္းညႊန္ခ်က္နဲ႔အညီ ျပန္လည္ထူေထာင္ေရး သင္တန္းကို ပထမဦးဆုံးအေနျဖင့္ သင္တန္းကာလ (၃)လ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။ ယေန႔ ဖြင့္လွစ္မည့္ စခန္းအေျချပဳ မူးယစ္ေဆးျဖတ္ ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းဖြင့္လွစ္မည့္ ကာလတြင္ ၾကဳံေတြ႕လာနိုင္တဲ့ အခက္အခဲမ်ားကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြ႕ဲ၊ မူးယစ္ေဆး တားဆီးကာကြယ္ေရး(ဗဟို)အဖြ႕ဲ၊ ဆက္စပ္ဌာန အဖြဲ႕အစည္းမ်ား၊ ေစတနာ့ဝန္ထမ္း မူးယစ္ႀကီးၾကပ္ေရးမႉး အသင္းမ်ားႏွင့္ လူမႈေရးအသင္း အဖြဲ႕အစည္းမ်ားႏွင့္အတူ လက္တြဲေဆာင္ရြက္ ေစခ်င္ပါတယ္။” ဟု ၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာသည္။

ထို႔အျပင္ မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ထိထိေရာက္ေရာက္ ေအာင္ျမင္စြာ ေဆာင္ရြက္နိုင္ေရး အတြက္ နိုင္ငံေတာ္အစိုးရ၏ လမ္းညႊန္ခ်က္အရ ျပည္ထဲေရးဝန္ႀကီးဌာန လက္ေအာက္ရွိ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္၊ ဝက္ထီးကန္ေက်းရြာ လူငယ္မ်ား ျပဳစုပ်ိဳးေထာင္ေရးစခန္းႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း (ဖယ္ခုံ)ၿမိဳ႕နယ္ရွိ လူငယ္မ်ားျပဳစု ပ်ိဳးေထာင္ေရးစခန္းတို႔ကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီ လတြင္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ လြဲေျပာင္းလက္ခံခဲ့ၿပီး စခန္းအေျချပဳ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္  ျပန္လည္ထူေထာင္ေရး သင္တန္းမ်ားကို ဖြင့္လွစ္ ေဆာင္ရြက္လ်က္ ရွိသည္။

ရန္ကုန္ၿမိဳ႕၊ မူးယစ္ေဆးျဖတ္ၿပီးသူမ်ား ျပန္လည္ထူေထာင္ေရး စခန္းတြင္ ၂၆.၁၁.၂၀၁၉ ရက္ေန႔မွ ၂၃.၂.၂၀၂၀ ရက္ေန႔အထိ (၃)လၾကာ ဖြင့္လွစ္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ အဆိုပါ သင္တန္းအတြင္း မူးယစ္ေဆးစြဲ လူနာမ်ားအတြက္ လိုအပ္ေသာ ေဆးျဖတ္ကုသေရးႏွင့္ ေဆးျဖတ္ကုသၿပီး ေနာက္ဆက္တြဲ ေရာဂါမ်ားကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနမွ ပညာရွင္ မ်ားက ဝိုင္းဝန္းကူညီ ပူးေပါင္းေပးေစလိုေၾကာင္း၊ ရန္ကုန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနျဖင့္ ယခုဖြင့္လွစ္မည့္ သင္တန္းတြင္ သင္တန္းကအစ တျခားလိုအပ္သည့္ ကိစၥမ်ားတြင္

ကူညီေပးနိုင္ရန္ အတြက္ တတ္နိုင္သေရြ႕ ႀကိဳးပမ္းသြားမည္ ျဖစ္ေၾကာင္း၊ မူးယစ္ေဆးျဖတ္ၿပီး ျပန္လည္ထူေထာင္ေရး သင္တန္းဆင္းၿပီးသည့္ သင္တန္းသားမ်ားအား ေနာက္ဆက္တြဲ ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ရန္အတြက္ ေစတနာ့ဝန္ထမ္း၊ မူးယစ္ႀကီးၾကပ္ေရးမႉး သင္တန္းကို တစ္ဆက္တည္း ဖြင့္လွစ္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း၊ သင္တန္းကာလအတြင္း သင္တန္းသားမ်ား၏ အသက္ေမြးဝမ္းေက်ာင္း ဆိုင္ရာ ပညာရပ္မ်ားအတြက္ ပုဂၢလိက လုပ္ငန္းရွင္မ်ား၊ ဂီတအဆို ဝါသနာရွင္မ်ားကိုလည္း ခ်ိတ္ဆက္ေဆာင္ရြက္ ေပးေစလိုေၾကာင္း ဝန္ႀကီးက ဆက္လက္ေျပာၾကားခဲ့သည္။The Ladies News

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းကို ပထမဦးဆုံးအနေဖြင့် သင်တန်းကာလ (၃)လ ဖွင့်လှစ်မည မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်းကို ပထမဦးဆုံးအနေဖြင့် သင်တန်းကာလ (၃)လ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြား လိုက်သည်။မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ၂၆ ရက်က  မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းများမှာ စခန်းအခြေပြု သင်တန်းများကို ယခင်က သင်တန်းကာလ (၃၅)ရက် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာမှာ ယခုဆိုရင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နဲ့အညီ ပြန်လည်ထူထောင်ရေး သင်တန်းကို ပထမဦးဆုံးအနေဖြင့် သင်တန်းကာလ (၃)လ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ယနေ့ ဖွင့်လှစ်မည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဖွင့်လှစ်မည့် ကာလတွင် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မူးယစ်ဆေး တားဆီးကာကွယ်ရေး(ဗဟို)အဖွဲ့၊ ဆက်စပ်ဌာန အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး အသင်းများနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက် စေချင်ပါတယ်။” ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

ထို့အပြင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာ လူငယ်များ ပြုစုပျိုးထောင်ရေးစခန်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း (ဖယ်ခုံ)မြို့နယ်ရှိ လူငယ်များပြုစု ပျိုးထောင်ရေး စခန်းတို့ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လွဲပြောင်းလက်ခံခဲ့ပြီး စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်  ပြန်လည်ထူထောင်ရေး သင်တန်းများကို ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။

ရန်ကုန်မြို့၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး စခန်းတွင် ၂၆.၁၁.၂၀၁၉ ရက်နေ့မှ ၂၃.၂.၂၀၂၀ ရက်နေ့အထိ (၃)လကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းအတွင်း မူးယစ်ဆေးစွဲ လူနာများအတွက် လိုအပ်သော ဆေးဖြတ်ကုသရေးနှင့် ဆေးဖြတ်ကုသပြီး နောက်ဆက်တွဲ ရောဂါများကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ပညာရှင် များက ဝိုင်းဝန်းကူညီ ပူးပေါင်းပေးစေလိုကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ယခုဖွင့်လှစ်မည့် သင်တန်းတွင် သင်တန်းကအစ တခြားလိုအပ်သည့် ကိစ္စများတွင် ကူညီပေးနိုင်ရန် အတွက် တတ်နိုင်သရွေ့ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊

မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ရေး သင်တန်းဆင်းပြီးသည့် သင်တန်းသားများအား နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း၊ မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းကို တစ်ဆက်တည်း ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ်များအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဂီတအဆို ဝါသနာရှင်များကိုလည်း ချိတ်ဆက်ဆောင်ရွက် ပေးစေလိုကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။ The Ladies News