မြန်မာအပေါ် ဖိအားပေးမှုတွေ များလာနေဟု HRW အစီရင်ခံစာ ဖေါ်ပြ




မြန်မာအပေါ် ဖိအားပေးမှုတွေ များလာနေဟု HRW အစီရင်ခံစာ ဖေါ်ပြရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး  ချိုးဖေါက်မှုတွေအတွက် မြန်မာအစိုးရကို တရားဥပဒေအရ အရေးယူဖို့ နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်မားလာနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ World Report 2020 ၂ဝ၂ဝ ခုနှစ်အတွက် ကမ္ဘာတဝန်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

မြန်မာ့တပ်မတော်ရဲ့ လူမဆန်ရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တာကြောင့်  မြန်မာအစိုးရကို နိုင်ငံတကာက အရေးယူတဲ့အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင် ICJ နဲ့ ICC နိုင်ငံတကာ တရားရုံး နှစ်ခုက ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီလို့ HRW ရဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

စာမျက်နှာ ၆၅ဝ ကျော်ပါဝင်တဲ့ HRW ရဲ့  အဲဒီ အစီရင်ခံစာမှာ တရုတ်အစိုးရဟာ သူတို့နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို တခြားနိုင်ငံတွေက  ဝေဖန်ရှုတ်ချခြင်း မပြုလုပ်ဘဲ နုတ်ဆိတ်နေအောင် သူ့ရဲ့ စီးပွားရေးသြဇာအင်အားကို အသုံးပြုနေတယ်လို့လည်း တင်ပြထားပါတယ်။  (၂ဝ၁၉ ခုနှဈ အောကျတိုဘာ ၃၁ ရကျနေ့က မွနျမာနိုငျငံဘကျပွနျလာကွသော ဘငျ်ဂလားဒေ့ရျှရောကျ ရိုဟငျဂြာဒုက်ခသညျမြားကို တှေ့ရစဉျ)