ယနေ့ အကြိုက်ဆုံးဆောင်းပါး

လူထုခေါင်းဆောင်အပေါ် တင်သွားတဲ့ကျေးဇူးတရားအကြွေးရေးသူ- လယ်ရီဂျေဂင်/ ဘန်ကောက်ပို့စ်သတင်းစာနိုင်ငံတကာက တရားစွဲဆိုမှုတွေ ရက်အနည်းငယ် အတွင်း ဆက်တိုက်ကြုံနေရတဲ့အဖြစ်က စစ်ဖက်ရော အရပ်ဖက်ပါ မြန်မာထိပ်တန်းခေါင်းဆောင်တွေအဖို့တော့ တုန်လှုပ်စရာပဲဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ မြန်မာအစိုးရနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ ၃နှစ်ကဖြစ်ပျက်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့်ပေါ်ပေါက်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံစေဖို့ တရားရုံး ၃ခုမှာ တရားစွဲဆိုမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၁၆နဲ့ ၂၀၁၇က ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်တွေကြောင့် မွတ်ဆလင် ၇သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုလှုံထွက်ပြေးခဲ့ကြရပါတယ်။ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် တရားစွဲတဲ့အမှု ၃ခုထဲ အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံများပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား အဖွဲ့ဝင် ဂမ်ဘီယားနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ စွဲဆိုလိုက်တဲ့အမှုက အဓိကကျပါတယ်။

ဒီတရားစွဲဆိုမှုကို တုန့်ပြန်ဖို့ မြန်မာအစိုးရဟာ သူရဲ့သဘောထားကို ချက်ချင်းပဲ ထုတ်ပြန်ကြေညာပါတယ်။ ဂမ်ဘီယားနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုကိုရင်ဆိုင်ဖို့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို သွားရောက်မယ်လို့ ဆိုပါတယ်။“မြန်မာအစိုးရအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး အလေးအနက်သဘောထားပါတယ်”လို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးလည်းဖြစ်၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးကျော်တင်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၆ခုနှစ်တုန်းက ဝန်ကြီးချုပ်ဦးနုက အိုင်စီဂျေအဖွဲ့ဝင်အဖြစ် စာချုပ်လက်မှတ်ရေးထိုးခဲ့တာမို့ အိုင်စီဂျေမှာ တရားစွဲတာကို မျက်ကွယ်ပြုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် မြန်မာအစိုးရဟာ ကုလသမဂ္ဂရဲ့စွပ်စွဲ မှုတွေဖြစ်တဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ် သတ်ဖြတ်မှုတွေ၊ အိမ်ရာတွေမီးတင်ရှို့ဖျက်စီးမှုတွေ၊ အမျိုးသမီးတွေကို အဓမ္မ ကျင့်မှုတွ ေကျူးလွန်တယ်ဆိုတဲ့ အချက်တွေကို လျစ်လျုရှုခဲ့သလို အခုလို အိုင်စီဂျေမှာ တရားစွဲတာကိုလည်း အလားတူ တုန့်ပြန်မယ်လို့ ထင်ထားကြတဲ့

နိုင်ငံတကာသံတမန်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေအတွက်တော့ အခုတစ်ကြိမ် မြန်မာအစိုးရကိုယ်စား ‌ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရ င်ဆိုင်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် အတော်ကလေး အံ့အားသင့်ကုန်ကြပါတယ်။သည်ဟိတ်တရားရုံးမှာ အမှုကိုရင်ဆိုင်တာဟာ ဒီတရားရေးလမ်းကောင်းမှာ အနိုင်ရဖို့ဖြစ်စေ၊ နိုင်ငံတကာသဘောထားတွေ ပြောင်းလဲသွားအောင်ဖြစ်စေလု ပ်ဖို့ဆိုတာ တကယ်တော့ မလုံလောက်ပါဘူးလို့ ဥပ‌ဒေရေးရာကျွမ်းကျင်သူတွေနဲ့ သံတမန်တွေက ဆိုပါတယ်။“မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို အပြည့်အဝရှင်းပြနိုင်မယ့် အခွင့်အလမ်းအဖြစ် အသုံးပြုပြီး တရားရုံးမှာ အမှုကိုရင်ဆိုင်ကာကွယ်သွားဖို့ မျှော်လင့်ပါတယ်”လို့ ဦးကျော်တင်က ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်င ံတစ်နိုင်ငံတည်းဟာ အကြမ်းဖက်မှုကို ကာကွယ်နေရတယ်ဆိုတာ နားလည်သဘောပေါက်ဖို့က အရေးပါတယ်လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်ကနေ မွတ်ဆလင်အသိုင်းအဝိုင်းကို မောင်းထုတ်ဖို့ ကြိုတင်စ ီမံခဲ့တဲ့လုပ်ရပ်မဟုတ်ဘဲ ကိုယ့်ကိုကိုယ် ကာကွယ်ရတဲ့ဖြစ်ရပ်ပါလို့ ဆိုပါတယ်။၂၀၁၆ အောက်တိုဘာမှာတော့ ARSA လို့ခေါ်တဲ့ လက်နက်က ိုင်မွတ်ဆလင်အဖွဲ့ဟာ ရခိုင်ပြည်နယ်က လုံခြုံရေးကင်းတွေအမျာအပြားကို တစ်ချိန်တည်းလိုလို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာကနေ မွတ်ဆလင် ၇သောင်းကျော်ဟာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။ အရပ်သားတွေရဲ့ အိမ်တွေကို စစ်တပ်က မီးတင်ရှို့ခဲ့ပြီး မောင်းထုတ်ခဲ့တဲ့ ဒီနယ်မြေရှင်းလင်းရေး အရှိန်မသေသေးခင် ၂၀၁၇ သြဂုတ်လမှာ ARSA အဖွဲ့က နောက်တစ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ခဲ့လို့ အစိုးရလုံခြုံရေးတွေအများအပြား ထိခိုက်ကျဆုံးဖြစ်ခဲ့တာကြောင့် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလို့ခေါ်တဲ့ စစ်ဆင်ရေးကို ထပ်မံဆင်နွှဲမှုရလဒ်ကြောင့် ဒုက္ခသည် ၇သိန်းကျော်ဟာ အသက်လုထွက်ပြေးခဲ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့ဒီလုပ်ရပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ အစုလိုက်အပြုံလို က်သတ်ဖြတ်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာတွေဆက်တိုက်ထုတ်ပြီး ပြောဆိုခဲ့သလို မြန်မာအစိုးရနဲ့ စစ်တပ်က ဒီစွပ်စွဲမှုတွေကို တောက်လျှော က်ငြင်းဆိုခဲ့ပါတယ်။ နိုဝင်ဘာလအစောပိုင်းမှာပဲ အိုအိုင်စီနိုင်ငံများကိုယ်စား သည်ဟတ်မြို့က နိုင်ငံတကာတရားရုံး ICJ ကို အာဖရိကတိုက်အနောက်ပိုင်းက ဂမ်ဘီယားနိုင်ငံက တရားလိုလုပ်ပြီး တရားစွဲတဲ့အမှုကို တရားရုံးက လက်ခံလိုက်ပါတယ်။

မြန်မာအစိုးရဟာ ဂျီနိုဆိုက်လို့ခေါ်တဲ့ လူတွေကို အစုလိုက်အပြုံလိုက်သ တ်ဖြတ်တဲ့ ရာဇဝတ်မှုကြီးကို မဖြစ်အောင်တားဆီးထားတဲ့ ဂျနီဗာစာချုပ်ကို ချိုးဖောက်တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးဖို့လည်း ပါဝင်ပါတယ်။မြန်မာပြည်ကို စွဲဆိုတဲ့အမှု တင်သွင်းထားတဲ့အချက်ကတော့ “မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို အစုလိုက်အ ပြုံလိုက် ရှင်းလင်းသုတ်သင်ဖို့အတွက် ရည်ရွယ်ပြီး လူမျိုးတုန်းစေတ ဲ့ရာဇဝတ်မှုသဘောဆောင်တဲ့ ကလေးမွေးဖွားမှုကို ထိန်းချုပ်ကန့်သတ်တာ၊ အဓမ္မနေရာရွှေ့ပြောင်းတာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေဖြစ်စေမယ့် အခြေအနေတွေကို ဖန်တီးတာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေအောင်လုပ်တာနဲ့ သတ်ဖြတ်တာတွေအတွက် တာဝန်ရှိတယ်”လို့ စွပ်စွဲထားတာဖြစ်ပါတယ်။

ဂမ်ဘီယားနိုင်ငံက တရားရုံးအနေနဲ့ နောက်ထပ် မျိုးဖြုတ်သတ်ဖြတ်မှုတွေကို တားဆီးရေး လိုအပ်တဲ့ကန့်သတ်အရေးယူမှုတွေလုပ်ပေးဖို့ကိုပါ တောင်းဆိုထားသလို မြန်မာပြည်က လက်ရှိလုပ်ဆောင်နေတာတွေကိုပါ ရပ်ဆိုင်သွားစေမယ့် ယာယီအမိန့်ထုတ်ပြန်လုပ်ဆောင်ပေးဖို့ကိုပါ မေတ္တာရပ်ခံထားပါတယ်။ ဒီတောင်းဆိုမှုတွေဟာ ရခိုင်ပြည်နယ်မှာနေထိုင်ခဲ့တဲ့ မွတ်ဆလင်အသိုင်းအဝိုင်းအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ အိမ်ရာတွေကို ဖျက်စီးမှုတွေ ရပ်ဆိုင်းပေးဖို့ပါ ပါဝင်နေပါတယ်။

“မြန်မာအနေနဲ့ ဒီလို လူမျိုးဖြုတ်သုတ်သင်မှုတွေကို ရပ်စဲလိုက်ဖို့ ရည်ရွယ်ချက် မရှိသလို ဒီနယ်မြေအတွင်း ဒီလူမျိုးစုတွေ အဆုံးတိုင်ပျက်စီးသွားစေဖို့ကိုပါ လုပ်ဆောင်နေတာ ရှင်းပါတယ်။ မြန်မာအစိုးရဟာ စစ်တပ်ရဲ့ရာဇဝတ်မှုတွေနဲ့ အထောက်အထားတွေကိုပါ ဖုံးကွယ်ဖို့လုပ်ဆောင်နေပါတယ်”လို့ ဂမ်ဘီယားရဲ့ စွဲဆိုချက်ထဲ ပါဝင်ပါတယ်။လာမယ့် ဒီဇင်ဘာ ၁၀ရက်နေ့မှာ သည်ဟိတ်မြို့မှာ ဒီအမှုကို စတင်ကြားနာမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ ဥပဒေရေးရာအဖွဲ့ကို ဦးဆောင်ပြီး ရင်ဆိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာ ဥပဒေပညာရှင် ၃ဦးလည်း မြန်မာအစိုးရကိုယ်စားလို က်ပါဆောင်ရွက် မှာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးဟာ တရားရုံးကို ခုခံတင်ပြဖို့အတွက် သက်သေအထောက်အထားတွေ၊ ပြန်လှန်ငြင်းချက် ထုတ်ဖို့တွေအတွက် ပြင်ဆင်နေကြပါတယ်။ ဒီလို သွားရောက်ရင်ဆိုင်ရုံနဲ့ သက်သက် တော့ နိုင်ငံတကာဖိအားတွေကို လွယ်လွယ်လေး ဖယ်ရှားပေးဖို့တော့ မလုံလောက်ဘူးလို့ သံတမန်တွေက ဆိုပါတယ်။ မြန်မာပြည်ကို ခရီးသွားလာရေး ပိတ်ဆို့ကန့်သတ်မှုနဲ့ နောက်ထပ်အလားတူ အရေးယူမှုတွေ ချက်ချင်းပေါ်မလာနိုင်အောင်တော့ လက်ရှိဖိအားတွေကို လျော့ကျသွားအောင် လုပ်ကောင်းလုပ်ဆောင်နိုင်ပါမယ်။

“အရပ်သားအစိုးရနဲ့ စစ်တပ်နှစ်ခုလုံးပါဝင်တဲ့ မြန်မာပြည်ကို ဆန့်ကျင်တဲ့ အပြင်းထန်ဆုံး အရေးယူဖို့ လုပ်တဲ့သဘောဖြစ်တယ်”လို့ ဘန်ကောက်က သံတမန်တစ်ဦးကဆိုပါတယ်။ ဒီအမှုဟာ ၁၀နှစ်ကနေ ၁၅နှစ်လောက် ကြာအောင် ဒရွတ်တိုက် အချိန်ဆွဲသွားမယ့်သဘောရှိပြီး ရခိုင်ပြည်န ယ်ပြဿနာကြီးတစ်ခုလုံး ဖြေရှင်းနိုင်တဲ့အထိ ကြာနိုင်ပါတယ်။ “အခြေအနေတွေကို ညင်ညင်သာသာ ကိုင်တွယ်ရမယ်ဆိုပေမယ့် ချက်ချင်းပဲ လုပ်ဆောင်ဖို့လိုပါတယ်”လို့ ဥပဒေရေးရာကျွမ်းကျင်သူ အနောက်တိုင်းပညာရှင်တစ်ဦးက ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခရဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ဖြ ေရှင်းရမှာဖြစ်သလို အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ဖို့ လိုနေပါတယ်။မြန်မာစစ်တပ်အပေါ် ဖိအားတွေကတော့ ပိုပြီးများလာမှာဖြစ်သလို မြန်မာစစ်တပ်ဟာ ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူကိုင်တွယ်နိုင်ဖို့အတွက် အရပ်သားအစိုးရအပေါ်ကိုလည်း ဖိအားတွေက လျော့သွားဖို့ မရှိပါဘူး။ ဆိုလိုတာကတော့ မြန်မာစစ်တပ်ဟာ အတွင်းကိုယ်မှာကို ပြုပြင်ပြောင်း လဲမှုတွေလုပ်ရမှာဖြစ်ပြီး အရပ်ဖက်အုပ်ချုပ်မှုအောက်ကို စစ်တပ်ကို ထားရှိရမှာဖြစ်ပါတယ်။

“မြန်မာပြည်က ဒေါက်တင်ထားရတဲ့အခြေအနေမျိုးဆိုက်နေပါပြီ။ ဒီတော့ လက်တွေ့လုပ်ရမယ့်အချိန်ရောက်ပါပြီ။ ပထမဆုံးတော့ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂနဲ့ အန်ဂျီအိုတွေကို သွားကြည့်ခွင့်ပေးပါ။ ပြည်တွင်းပြည်ပကလူတွေ မျက်မြင်ကြည့်နိုင်ဖို့လိုပါတယ်”လို့ အာရှသံတမန်တစ်ဦးက ဆိုပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး မြန်မာ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အိုင်စီဂျေမှာ တရားစွဲဆိုမှုကို ခုခံကာကွယ်မယ့်သတင်းဟာ တစ်ချို့အခြေအနေကောင်းတွေကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကတော့ လူထုခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင်တွေဟာ ပထမဆုံးအဖြစ် ကျောချင်းကပ်မိသွားပါတယ်။ ရပ်တည်ချက် တူညီသွားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကြောင့် ဖြစ်နေတဲ့ နှစ်ဖက်ကြားတင်းမာမှုတွေကို ပြေလျော့သွားစေတာမို့ အခုဖြစ်ပေါ်လာတဲ့အခင်းအကျင်းသစ်ကတော့ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် “‌ကျေးဇူးတရား”အကြွေးတင်သွားတာပဲဖြစ်ပါတယ်။

နောက်ထပ် ဘောနပ်စ်ဖြစ်နိုင်တာကတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အ စည်းတွေက လူသိရှင်ကြား ထောက်ခံအားပေးမှုကို ရလိုက်တာဖြစ်ပါတယ်။ အိုင်စီဂျေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ သူရဲကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပေးလိုက်တာကတော့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ နှစ်ပေါင်းများစွာ အနစ်နာခံ လုပ်ကိုင်လာတဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဟာ မြန်မာပြည်အတွင်း တိုင်းပြည် ကိုကာကွယ်ပေးမယ့်သူအဖြစ် သိသာသွားစေပါတယ်။ အိုင်စီဂျေ ခင်းပေးလို က်တဲ့လမ်းကြောင့် ၂၀၂၀မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ သောင်ပြိုကမ်းပြိုအနိုင်ရစေဖို့ကိုပါ ဖန်တီးပေးလို က်တာပဲဖြစ် ပါတယ်။ဆောင်းပါးရှင် လယ်ရီဂျာဂင်နှင့် ကိုစိုး၀င်းPhoto ငနေ