ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်နိုင်ငံရေးပါတီ (၂၀) ပြောကြား

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီ (၂၀) က  ပြောကြားလိုက်ပါတယ်။မိတ်ဖက်နိုင်ငံရေးပါတီ (၂၀) ရဲ့ နိုဝင်ဘာ (၂၅) ရက်က ရန်ကုန်မြို့၊ အောခစ်ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

“မယုံဘူးဆိုတာ ရှေ့တင်ပြောတာ။ ယုံစရာအကြောင်းမရှိဘူး။ ကျွန်တော်တ ို့နိုင်ငံမှာ ဖြတ်သန်းလာတဲ့ ကော်မရှင်တွေကို ဘယ်သူတွေယုံတုန်း။ ရွေးကောက်ပွဲပြီးမှပဲ free and fair ဖြစ်တယ်ပြောတာ။ မယုံတာ မယုံခွင့်ရှိတယ်ပြောတာ ဘာဖြစ်တုန်း” လို့ မိတ်ဖက်နိုင်ငံရေးပါတီ(၂၀) မှာ ပါဝင်တဲ့  အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမေရိကန်အခြေစိုက် ရွေးကော က်ပွဲအကူအညီပေးရေးအဖွဲ့ဖြစ်တဲ့ IFES က နည်းပညာကူညီပံ့ပိုးပေးမှုအပေါ် ကန့်ကွက်ကြောင်း မိတ်ဖက်နိုင်ငံရေးပါတီ(၂၀)က ကြေညာခဲ့ရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောက်နောင်အခုလို ထုတ်ပြန်မယ်ဆိုရင် ဥပဒေအရ ပါတီဖျက်သိမ်းတဲ့ အထိ အရေးယူမယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံရေးပါတီ (၂၀) ရဲ့ ကြေညာချက်ဟာ အထောက်အထားမရှိတဲ့ မမှန်မကန် သတင်းအချက်အလက်တွေကို ရေးသားဖော်ပြထားတာဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့ အပြင် (၂၀၂၀)အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို တခြားနိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အထင်အမြင်လွဲမှားမှုဖြစ်စေနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးချက်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောပါတယ်။

“နိုင်ငံရေးပါတီဆိုတာက ကျွန်တော်တို့မှာ မရှင်းလင်းတာတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့သော်လည်းကောင်း မရှင်းလင်းတာရှိရင် တင်ပြခွင့်ရှိတာက ပြည်သူရယ်၊ ကော်မရှင်ရယ်၊ နိုင်ငံတော်သမ္မတရယ် ဒါပဲရှိပါတယ်။ ဒါကြောင့်မို့လို့ သဘောရိုးစွာနဲ့ တင်ပြခဲ့ခြင်းအပေါ် ကျွန်တော်တို့အပေါ် ဒီလိုထုတ်ပြန်လာတဲ့အပေါ် ကျွန်တော်တို့စိတ်မကောင်းဖြစ်ပါတယ်” လို့ ဦးလှသိန်းက ပြောကြားခဲ့ပါတယ်။သတင်း – သီဟစိုးလွင်