လူကုန္ကူးခံရသည့္ တကၠသိုလ္ေက်ာင္းသားအမႈမွ က်ားေဖာင္ဦးစီးအပါအဝင္ ႏွစ္ဦးကို ဖမ္းဆီးရမိ

က်န္ငါးဦးအား ဖမ္းဆီးရမိေရး စုံစမ္းစစ္ေဆးေနဖ်ာပုံၿမိဳ႕နယ္ ပင္လယ္ျပင္ရွိ က်ားေဖာင္၌ အလုပ္လုပ္ရန္ စည္း႐ုံးေျပာဆိုလူကုန္ကူးခံရၿပီး ၫွဥ္းပန္းႏွိပ္စက္ခံခဲ့ရသည့္ ဒဂုံတကၠသိုလ္ေက်ာင္းသားအမႈႏွင့္ပတ္သက္၍က်ားေဖာင္ဦးစီးအပါအဝင္ လူႏွစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။ဧရာ၀တီတိုင္းေဒသႀကီး ဖ်ာပုံၿမိဳ႕နယ္ရွိ က်ားေဖာင္လုပ္ငန္းခြင္တြင္ ေရာင္းစားခံရသည့္ ကိုျမတ္သူရထြန္း၏ အမႈႏွင့္ပတ္သက္၍ ခုနစ္ဦးကို အမႈဖြင့္ထားၿပီး က်ားေဖာင္ဦးစီးတစ္ဦး အပါအဝင္ ႏွစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေအာက္တိုဘာ ၂ ရက္က ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ ငေထြ႐ူးလမ္းေန အသက္ (၂၀)အ႐ြယ္ ကိုျမတ္သူရထြန္းသည္ ေက်ာက္တံတားၿမိဳ႕နယ္ ပန္းဆိုးတန္းလမ္း၌ ရွိေနစဥ္ အမ်ိဳးသမီးႏွစ္ဦးက ဖ်ာပုံၿမိဳ႕နယ္ရွိ ေရလုပ္ငန္းတြင္ အလုပ္လုပ္မည္ဆိုပါက လစာေငြက်ပ္သိန္း ၂၀ ခန္႔ရရွိမည္ဟု စည္း႐ုံးေျပာဆိုကာ ဒလၿမိဳ႕နယ္ရွိ(ေနရာမွတ္မိ) ေနအိမ္တစ္အိမ္သို႔ ေခၚေဆာင္ျခင္းခံခဲ့ရသည္။

ေပ်ာက္ဆုံးေနသည့္ ကိုျမတ္သူရထြန္းကို မိသားစုဝင္မ်ားကလိုက္လံစုံစမ္းရွာေဖြခဲ့ရာ ဖ်ာပုံၿမိဳ႕မွ ႏွစ္နာရီခန္႔ သြားရေသာ ခါးျပတ္႐ြာရွိငါးဒိုင္တြင္ေရာက္ရွိေနေၾကာင္း စုံစမ္းသိရွိခဲ့သည္။ ကိုျမတ္သူရထြန္းအား ငါးဒိုင္ရွိရာ ေနရာမွ ၁၂ နာရီခန္႔ သြားရေသာ ပင္လယ္ျပင္ရွိ ငါးဖမ္းလုပ္ငန္းတြင္ ခိုင္းေစထားေၾကာင္း၊ ကိုျမတ္သူရထြန္း၏ မိသားစုက အဆိုပါ ငါးဒိုင္သို႔ သြားေရာက္ခဲ့ရာတြင္ ‘ပြဲစားယူသြားတဲ့ ေငြခုနစ္သိန္းကို ျပန္ေပးရမယ္၊ မည္သည့္ေနရာမွ တိုင္တန္းျခင္းမျပဳရ’ဟုေျပာဆိုသျဖင့္ ေငြက်ပ္ခုႏွစ္သိန္းေက်ာ္ျဖင့္ ကိုျမတ္သူရထြန္းကို ျပန္ေ႐ြးခဲ့ရၿပီး ႏိုဝင္ဘာ၂၀ရက္တြင္ ေနအိမ္သို႔ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။

‘ေလာေလာဆယ္ ႏွစ္ဦးဖမ္းထားတယ္၊ က်ားေဖာင္ဦးစီးအပါအဝင္ ႏွစ္ဦးကို ဖမ္းမိထားတယ္။ က်န္ေနတဲ့တစ္ဦးကို သတင္းအရ လိုက္လံစုံစမ္းေနတယ္။ ေက်ာက္တံတား ရဲစခန္းမွာ လူကုန္တား ပုဒ္မ-၂၅/၃၂ နဲ႔ အမႈဖြင့္ထားတယ္။ တရားခံေတြရဲ႕လိပ္စာအရ ဒလဘက္မွာလည္း စုံစမ္းစစ္ေဆးေနတယ္’ဟု လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးတပ္ ဖြဲ႕စိတ္(ဖ်ာပုံ)မွ တပ္ဖြဲ႕ဝင္တစ္ဦးက ႏိုဝင္ဘာ ၂၄ ရက္ ညေနပိုင္းတြင္ အတည္ျပဳေျပာဆိုသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ားေဖာင္ဦးစီးျဖစ္သူ ေက်ာ္ေအာင္ (၄၂)ႏွစ္ႏွင့္ ေအာင္ဗလ(ေခၚ) ဗလႀကီး(၄၂)ႏွစ္တို႔ကိုဖမ္းဆီးရမိထားၿပီး ေက်ာက္တံတားၿမိဳ႕မ ရဲစခန္း၌ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ ကိုျမတ္သူရထြန္းကို ထိန္းခ်ဳပ္ေစခိုင္းခဲ့ၾကသူမ်ားျဖစ္သည့္ ဒလၿမိဳ႕နယ္ေန မေအးသက္မာ၊ ၎၏မိခင္ျဖစ္သူ ေဒၚႏိုင္ႏိုင္ေက်ာ္၊ ေဒၚအန္းကုန္း၊ ဖ်ာပုံၿမိဳ႕နယ္မွ သန္းေက်ာ္ႏွင့္ အမ်ိဳးသားတစ္ဦး(စုံစမ္းဆဲ)တို႔အား အမႈႏွင့္ ဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။ ကိုျမတ္သူရထြန္းမွာဖ်ာပုံၿမိဳ႕ ခါးျပတ္ေက်း႐ြာရွိ က်ားေဖာင္လုပ္ငန္းသို႔ ေရာင္းစားခံရၿပီး အလုပ္လုပ္ကိုင္စဥ္ ၫွဥ္းပန္းႏွိပ္စက္ခံရသျဖင့္ ဝဲလက္ဖ်ံ႐ိုးက်ိဳး၊ ဝဲနား႐ြက္ျပတ္ရွဒဏ္ရာႏွင့္ မ်က္ခုံးကြဲဒဏ္ရာမ်ားရရွိခဲ့သည္။ ၎ႏွင့္အတူ ေရာင္းစားခံထားရသည္ဟု ယူဆရသူႏွစ္ဦး ပင္လယ္ျပင္တြင္ က်န္ရွိေနေသးေၾကာင္း ကိုျမတ္သူရထြန္း၏ ေျပာျပခ်က္အရ သိရသည္။

လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္သည့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့သည့္ စာရင္းအရ လူကုန္ကူးမႈ အမႈေပါင္း ၁၈မႈ၊ တရားခံေပါင္း ၅၄ဦး(က်ား-၂၁၊မ-၃၃)ႏွင့္ လူကုန္ကူးခံရသူေပါင္း ၂၂ဦး (က်ား-၁၊ မ-၁၉ ) (ကေလး မ-၂ ) ရွိေၾကာင္း သိရသည္။ လူကုန်ကူးခံရသည့် တက္ကသိုလ်ကျောင်းသားအမှုမှ ကျားဖောင်ဦးစီးအပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိကျန်ငါးဦးအား ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေဖျာပုံမြို့နယ် ပင်လယ်ပြင်ရှိ ကျားဖောင်၌ အလုပ်လုပ်ရန် စည်းရုံးပြောဆိုလူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားအ မှုနှင့်ပတ်သက်၍ကျားဖောင်ဦးစီးအပါအဝင် လူနှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် ရောင်းစားခံရသည့် ကိုမြတ်သူရထွန်း၏ အမှုနှင့်ပတ်သက်၍ ခုနစ်ဦးကို အမှုဖွင့်ထားပြီး ကျားဖောင်ဦးစီးတစ်ဦး အပါအဝင် နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ငထွေရူးလမ်းနေ အသက် (၂၀)အရွယ် ကိုမြတ်သူရထွန်းသည် ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း၌ ရှိနေစဉ် အမျိုးသမီးနှစ်ဦးက ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းတွင် အလုပ်လုပ်မည်ဆိုပါက လစာငွေကျပ်သိန်း ၂၀ ခန့်ရရှိမည်ဟု စည်းရုံးပြောဆိုကာ ဒလမြို့နယ်ရှိ(နေရာမှတ်မိ) နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ပျောက်ဆုံးနေသည့် ကိုမြတ်သူရထွန်းကို မိသားစုဝင်များကလိုက် လံစုံစမ်းရှာဖွေခဲ့ရာ ဖျာပုံမြို့မှ နှစ်နာရီခန့် သွားရသော ခါးပြတ်ရွာရှိငါးဒိုင်တွင်ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့သည်။ ကိုမြတ်သူရထွန်းအား ငါးဒိုင်ရှိရာ နေရာမှ ၁၂ နာရီခန့် သွားရသော ပင်လယ်ပြင်ရှိ ငါးဖမ်းလုပ်ငန်းတွင် ခိုင်းစေထားကြောင်း၊ ကိုမြတ်သူရထွန်း၏ မိသားစုက အဆိုပါ ငါးဒိုင်သို့ သွားရောက်ခဲ့ရာတွင် ‘ပွဲစားယူသွားတဲ့ ငွေခုနစ်သိန်းကို ပြန်ပေးရမယ်၊ မည်သည့်နေရာမှ တိုင်တန်းခြင်းမပြုရ’ဟုပြောဆိုသဖြင့် ငွေကျပ်ခုနှစ်သိန်းကျော်ဖြင့် ကိုမြတ်သူရထွန်းကို ပြန်ရွေးခဲ့ရပြီး နိုဝင်ဘာ၂၀ရက်တွင် နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

‘လောလောဆယ် နှစ်ဦးဖမ်းထားတယ်၊ ကျားဖောင်ဦးစီးအပါအဝင် နှစ်ဦးကို ဖမ်းမိထားတယ်။ ကျန်နေတဲ့တစ်ဦးကို သတင်းအရ လိုက်လံစုံစမ်းနေတယ်။ ကျောက်တံတား ရဲစခန်းမှာ လူကုန်တား ပုဒ်မ-၂၅/၃၂ နဲ့ အမှုဖွင့်ထားတယ်။ တရားခံတွေရဲ့လိပ်စာအရ ဒလဘက်မှာလည်း စုံစမ်းစစ်ဆေးနေတယ်’ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ် ဖွဲ့စိတ်(ဖျာပုံ)မှ တပ်ဖွဲ့ဝင်တစ်ဦးက နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် အတည်ပြုပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျားဖောင်ဦးစီးဖြစ်သူ ကျော်အောင် (၄၂)နှစ်နှင့် အောင်ဗလ(ခေါ်) ဗလကြီး(၄၂)နှစ်တို့ကိုဖမ်းဆီးရမိထားပြီး ကျောက်တံတားမြို့မ ရဲစခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ထို့ပြင် ကိုမြတ်သူရထွန်းကို ထိန်းချုပ်စေခိုင်းခဲ့ကြသူများဖြစ်သည့် ဒလမြို့နယ်နေ မအေးသက်မာ၊ ၎င်း၏မိခင်ဖြစ်သူ ဒေါ်နိုင်နိုင်ကျော်၊ ဒေါ်အန်းကုန်း၊ ဖျာပုံမြို့နယ်မှ သန်းကျော်နှင့် အမျိုးသားတစ်ဦး(စုံစမ်းဆဲ)တို့အား အမှုနှင့် ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုမြတ်သူရထွန်းမှာဖျာပုံမြို့ ခါးပြတ်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခံရပြီး အလုပ်လုပ်ကိုင်စဉ် ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် ဝဲလက်ဖျံရိုးကျိုး၊ ဝဲနားရွက်ပြတ်ရှဒဏ်ရာနှင့် မျက်ခုံးကွဲဒဏ်ရာများရရှိခဲ့သည်။ ၎င်းနှင့်အတူ ရောင်းစားခံထားရသည်ဟု ယူဆရသူနှစ်ဦး ပင်လယ်ပြင်တွင် ကျန်ရှိနေသေးကြောင်း ကိုမြတ်သူရထွန်း၏ ပြောပြချက်အရ သိရသည်။လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် စာရင်းအရ လူကုန်ကူးမှု အမှုပေါင်း ၁၈မှု၊ တရားခံပေါင်း ၅၄ဦး(ကျား-၂၁၊မ-၃၃)နှင့် လူကုန်ကူးခံရသူပေါင်း ၂၂ဦး (ကျား-၁၊ မ-၁၉ ) (ကလေး မ-၂ ) ရှိကြောင်း သိရသည်။သတင်း – နိုင်ဝင်းစိုး