သို့…နိုင်ငံတော်ဗဟိုသံဃာ့နာယကအဖွဲ့

လူ့ကိစ္စပြဿနာတွေကို၊ဖြေရှင်းပေးရာတွင်၊အောက်ခြေဌာနဆိုင်ရာတွေအနေနဲ့၊လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေ၊မရှိကြစေပဲ၊မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်၊ဆောင်ရွက်ပေးကြဖို့…ဒေါ်အောင်ဆန်းစုကြည်က၊မကြာခဏလမ်းညွှန်မှာကြားလေ့ရှိပါတယ်။

ရဟန်းကိစ္စပြဿနာတွေကို၊ဖြေရှင်းပေးရာတွင်၊အောက်ခြေသံဃာ့နာယက၊အဖွဲ့အစည်းတွေအနေနဲ့၊လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုတွေ၊မရှိကြစေပဲ၊မှန်မှန်ကန်ကန်နဲ့မြန်မြန်ဆန်ဆန်၊ဆောင်ရွက်ပေးတော်မူကြဖို့…နိုင်ငံတော်ဗဟိုသံဃာ့မဟာနာယက၊သာသနာ့ဥသျှောင်၊ဆရာတော်ဘုရားကြီးများမှ၊လမ်းညွှန်မိန့်ကြားပေးတော်မူပါရန်၊တပည့်တော်က၊ခြေစုံဦးခိုက်လျှာက်ထားအပ်ပါတယ်၊ဘုရား…..ဦးတင်လျှက်၊ဦးသန်းဝင်းအောင်စိုးမိုး(ပါရဒိုင်း)Ph:09420223728

၂၅.၁.၂၀၂၀ စံတော်ချိန်သတင်းစာ၊ဖော်ပြပါရှိသည့်သတင်းရင်းမြစ်…ဓမ္မာရုံအားချိတ်ပိတ်ထားသောကြောင့်ကျေနပ်မှုမရှိခြင်းအားသတင်းစာရှင်း…၂၁.၁.၂၀၂၀နေ့၊မွန်းလွဲ ၁နာရီတွင်၊ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးတာဆုံ၊နိဂြောဓာရုံကျောင်းတိုက်အတွင်း၌၊သတင်းစာရှင်းလင်းပွဲတစ်ရပ်၊ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ကျိုက္ကဆံအနောက်ရပ်ကွက်၊ရတနာလမ်းမရှိ၊ဦးမွတ်တရား(ခ)ဦးသောင်းစိန်ပိုင်၊မြေပေါ်တွင်၊၁၉၈၄ခုနှစ်က၊ရဟန်းတော် ၈ပါးနှင့်လူပုဂ္ဂိုလ်များမှ၊ဦးဆောင်၍၊ “ထေရဝါဒသာသနာ့ရ က္ခိတဗိမာန်အဖြစ်၊သာသနာပြုအဆောက်အဦတစ်ခုကို၊တည်ဆောက်ခဲ့ကြရာ၊မင်းကွန်းဆရာတော်ဘုရားကြီးက၊အကျိုးတော်ဆောင်ချုပ်အဖြစ်၊ဆောင်ရွက်သည့်၊နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့မှ၊”သာသနာ့ရက္ခိတဗိမာန်”အမည်ဖြင့်၊ရဟန်းတော်များသီတင်းသုံးရန်၊ကျောင်းတိုက်အဖြစ်၊သတ်မှတ်ပေးခဲ့ကြောင်း…

တပ်မတော်အစိုးရလက်ထက်၊၂၀၀၀ပြည့်နှစ်ဝန်းကျင်တွင်၊သာသနာ့ရက္ခိတဗိမာန်မြေကို၊ကျိုက္ကဆံဘုရားဂေါပကအဖွဲ့ပိုင်မြေအဖြစ်၊မတရားသိမ်းယူရန်၊ကြိုးစားလာသောကြောင့်၊ကျောင်းတိုက်ဆရာတော်များနှင့်၊ဘုရားဂေါပကအဖွဲ့တို့၊မြေပိုင်ဆိုင်မှုအငြင်းပွားခဲ့ကြရပြီး၊၃၀.၈.၂၀၁၇နေ့ကကျင်းပသော၊သတ္တမအကြိမ်၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊(ဒုတိယအဖွဲ့ခွဲ)၏၊ဆဋ္ဌအကြိမ်သတ္တမအစည်းအဝေးတွင်၊(၁)ဓမ္မာရက္ခိတဓမ္မာရုံတည်ရှိရာ၊မြေကိုဘုရားဝတ္တကမြေအဖြစ်၊သတ်မှတ်ရန်၊(၂)ဓမ္မာရက္ခိတဓမ္မာရုံ၌၊အမြဲနေသံဃာထားရှိခြင်းမပြုရန်…

(၃)ဓမ္မာရုံဂေါပကအဖွဲ့ကို၊ပြန်လည်ဖွဲ့စည်း၍…သာသနာရေးကိစ္စရပ်များ၊ဆောင်ရွက်ခွင့်ပြုရန်…ဟူ၍ဆုံးဖြတ်ထားကြောင်း…၎င်းဆုံးဖြတ်ချက်များအတိုင်း၊လေးစားလိုက်နာပြီး၊ကျောင်းတိုက်နေသံဃာများက၊ကျောင်းတိုက်မှဖယ်ရှားပေးခဲ့ပြီး၊ဓမ္မာရုံဂေါပကအဖွဲ့ကို၊စနစ်တကျဖွဲ့စည်းကာ၊သာသနာရေးကိစ္စရပ်များကို၊ဆောင်ရွက်ခဲ့သော်လည်း၊၃.၁.၂၀၂၀နေ့၊မွန်းလွဲ(၃)နာရီအချိန်တွင်၊မြို့နယ်သံဃနာယကအဖွဲ့၊ဥက္ကဌ၊ဓမ္မာလောကကျောင်း၊ဦးသောဘန၏ညွှန်ကြားချက်ဖြင့်၊မြို့နယ်သံဃနာယကအဖွဲ့၊အကျိုးတော်ဆောင်၊ဆားငံကျောင်း၊ဦးအဂ္ဂဓရဦးဆောင်သောအဖွဲ့က၊

ဓမ္မာရုံကိုလာရောက်၊ချိတ်ပိတ်သော့ခတ်ခဲ့သဖြင့်၊ဓမ္မာရုံအတွင်း၊ဥပုသ်သီလဆောက်တည်ခြင်း၊အလှူဒါနပြုလုပ်ခြင်း၊တရားဓမ္မဟောကြားခြင်းစသည့်၊ သာသနာရေးကိစ္စများ၊မဆောင်ရွက်နိုင်ပဲဖြစ်နေကြောင်း…စသည်တို့ကို၊သာသနာ့ရက္ခိတဗိမာန်တွင်း၊သီတင်းသုံးခဲ့ဘူးသည့်၊ဆရာတော်များဖြစ်ကြသော၊ဦးကေလာသ၊ဦးအဂ္ဂဉာဏနှင့်၊ဓမ္မာရုံဂေါပကဥက္ကဌဦးသိန်းအောင်တို့က၊သက်သေခံအထောက်အထား၊စာရွက်စာတမ်းများဖြင့်၊ရှင်းလင်းပြောကြားခဲ့ကြသည်။

ဤကဲ့သို့တာဝန်အထက်၊ကျော်လွန်ဆောင်ရွက်နေမှုများကို၊မှန်ကန်စွာစိစစ်ဖြေရှင်းပေးပါရန်၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံသို့၊တင်ပြလျှောက်ထားလျှက်ရှိပြီး၊သာသနာတော်ကိုကြည်ညိုကြကုန်သော၊လူပုဂ္ဂိုလ်အဖွဲ့အစည်းများကလည်းသိရှိကာ၊တတ်စွမ်းသည့်ဘက်မှ၊ကူညီပေးနိုင်ကြစေရန်၊ယခုကဲ့သို့သတင်းစာရှင်းလင်းပွဲ၊ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း၊၎င်းတို့မှပြောကြားခဲ့သည်။ဦးကေလာသPh:09421039650ဦးအဂ္ဂဉာဏPh:09450032238ဦးသိန်းအောင်၊ Ph:09261537320credit: ဦးသန်းဝင်းအောင်စိုးမိုး