သုံ့ပန်းလဲလှယ်ဖို့ AA ထပ်မံကမ်းလှမ်း

အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင်  စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးမယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။ဖမ်းမိထားသူ တစ်ယောက်ချင်းစီရဲ့ ဓာတ်ပုံ၊ အမည်၊ ရာထူးတို့ကို ထုတ်ပြန်ဖို့ အစီအစဉ်ရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ် ပကာဝရွာ တိုက်ပွဲမှာ တပ်မ ၇၇ က အရာရှိငယ် နှစ်ဦးအပါအဝင် တပ်မတော်သား ၁၃ ဦးတို့ကို AA က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သူတို့ကို အုပ်စုလိုက် ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံကိုလည်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကတော့ ၁၃ ဦး အဖမ်းခံလိုက်ရတယ်ဆိုတဲ့ဖြစ်ရပ် ငြင်းဆိုထားပါတယ်။အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ်တစ်စီးကို AA အဖွဲ့က ရပ်တန့်စေပြီး ဖမ်းခေါ်သွားတဲ့ တပ်မတော်သားနဲ့ ရဲတချို့လည်း AA ရဲ့ လက်ထဲမှာ ရှိနေပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်သုံ့ပန်းဆိုတဲ့ အဓိပ္ပာယ်ဟာ စစ်ယှဉ်ပြိုင်တိုက်ခိုက်ရင်းနဲ့ ဖမ်းဆီးခံရသူတွေကို သတ်မှတ်ပြီး အခုလို ရေယာဉ်ကို ရပ်ခိုင်းပြီးတော့ သာမန်ခရီးသွားနေသူတွေ ဖမ်းဆီးသွားတာကို စစ်သုံ့ပန်းလို့ ခေါ်နိုင်မလားဆိုတာ စဉ်းစားရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း AA ကမ်းလှမ်းတဲ့ သုံ့ပန်းလဲလှယ်ရေးအစီအစဉ်ကို လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။သုံ႔ပန္းလဲလွယ္ဖို႔ AA ထပ္မံကမ္းလွမ္း အမႈဖြင့္၊ တရားစြဲခံထားရတဲ့ ရခိုင္တိုင္းရင္းသားေတြကို ျပန္လႊတ္ေပးမယ္ဆိုရင္  စစ္သုံ႔ပန္းေတြကို ျပန္လႊတ္ေပးမယ္လို႔ AA ေျပာခြင့္ရသူ ခိုင္သုခက RFA ကို ဒီေန႔ ေျပာလိုက္ပါတယ္။

ဖမ္းမိထားသူ တစ္ေယာက္ခ်င္းစီရဲ႕ ဓာတ္ပုံ၊ အမည္၊ ရာထူးတို႔ကို ထုတ္ျပန္ဖို႔ အစီအစဥ္ရွိတယ္လို႔လည္း ခိုင္သုခက ေျပာပါတယ္။ႏိုဝင္ဘာ ၁၉ ရက္ေန႔က ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ပကာဝ႐ြာ တိုက္ပြဲမွာ တပ္မ ၇၇ က အရာရွိငယ္ ႏွစ္ဦးအပါအဝင္ တပ္မေတာ္သား ၁၃ ဦးတို႔ကို AA က ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ကို အုပ္စုလိုက္ ႐ိုက္ကူးမွတ္တမ္းတင္ထားတဲ့ ဓာတ္ပုံကိုလည္း ထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ကေတာ့ ၁၃ ဦး အဖမ္းခံလိုက္ရတယ္ဆိုတဲ့ျဖစ္ရပ္ ျငင္းဆိုထားပါတယ္။ေအာက္တိုဘာ ၂၆ ရက္ေန႔က ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အတြင္း အျမန္ေရယာဥ္တစ္စီးကို AA အဖြဲ႕က ရပ္တန႔္ေစၿပီး ဖမ္းေခၚသြားတဲ့ တပ္မေတာ္သားနဲ႔ ရဲတခ်ိဳ႕လည္း AA ရဲ႕ လက္ထဲမွာ ရွိေနပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ စစ္သုံ႔ပန္းဆိုတဲ့ အဓိပၸာယ္ဟာ စစ္ယွဥ္ၿပိဳင္တိုက္ခိုက္ရင္းနဲ႔ ဖမ္းဆီးခံရသူေတြကို သတ္မွတ္ၿပီး အခုလို ေရယာဥ္ကို ရပ္ခိုင္းၿပီးေတာ့ သာမန္ခရီးသြားေနသူေတြ ဖမ္းဆီးသြားတာကို စစ္သုံ႔ပန္းလို႔ ေခၚႏိုင္မလားဆိုတာ စဥ္းစားရမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ႏိုင္ငံေတာ္ သမၼတ႐ုံးၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးကလည္း AA ကမ္းလွမ္းတဲ့ သုံ႔ပန္းလဲလွယ္ေရးအစီအစဥ္ကို လက္ခံမွာမဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။Photo: Arakan Army