အားလုံးပဲ မဂ်လာပါဗျကိုစောလားထော်ဝါးရဲ့ “သို့…သက်ငယ်မုဒိန်းကောင်များ ” ဆိုတဲ့ မူပိုင်သီချင်းနဲ့ပတ်သက်ပြီး ကျွန်တော် မှားပြောမိလိုက်တဲ့ ကိစ္စကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်ဗျ

1984 ခုနှစ် December လမှာ တေးရေး #ဦးဂင်ထွမ် ဟာ #နောင်တမျက် ရည် အမည်ရ ဓမ္မတေးတစ်ပုဒ် ရေးသားပြီး သမီးဖြစ်သူ #မေရီ ကို 1984 December 31ရက်နေ့ ( ည ) နှစ်သစ်ကူးဆုတောင်းခြင်းအစီစဥ်မှာ #ပထမဦးဆုံး သီဆိုစေခဲ့ပါတယ်

ဒီသီချင်းဟာ ယခုအချိန်ထိ ယုံကြည်သူများ (ခရစ်ယာန်ဘာသာဝင်များ) အားလုံး မသိတဲ့လူ မရှိလောက်​အောင်ကို ယခုအချိန်ထိ(၃၅)နှစ်တိုင်တိုင် အသုံးပြုနေတဲ့ ဓမ္မသီချင်းဟောင်းလေးပဲ ​ဖြစ်ပါတယ် ယခုအချိန် ပြန်ဆိုတေးသံရှင်များစွာ ပြန်လည်ပုံဖော် သီဆိုထားကြတာဟာ အင်မတန်မှကို နားဆင်သူတွေအနေနဲ့ ခွန်အားရစရာ ကျေနပ်စရာ သီချင်းတစ်ပုဒ် ဖြစ်လာပါတယ်

ဝမ်းနည်းစရာတစ်ခုက တေးရေးနေရာမှာ ရှိနေရမယ့် #ဦးဂင်ထွမ် ဟာ မြေကြီးထဲရောက်သွားတယ် ဘယ်သူမှလိုက်မရှာကြဘူး ဘယ်သူမှလဲစိတ်မဝင်စားကြဘူး ဒါပေမယ့် သီချင်းဟာ ခေတ်အဆက်ဆက် အသုံးပြုလို့ရနေတယ် out of date ဆိုတာမရှိဘူး ဒီလောက်ကောင်းတဲ့သီချင်း ဘယ်သူရေးထားတာလဲ ဆိုတာ မသိချင်ကြဘူး

အလွယ်လမ်းနဲ့ တေးရေးနာမယ်ကို အလွယ်လုပ်ပြီး ထည့်သုံးကြပါတယ် ကျွန်တော် မြင်ဖူးတာတစ်ခုမှတ်မိတယ် တေးရေး သောမတ်စ်မြင်လိုက်ရတော့  သိပ်ဝမ်းနည်းတယ် ကျွန်တော် ပြောချင်တဲ့အပိုင်းရောက်လာပါပြီကျွန်တော့ အဖိုး ဦးဂင်ထွမ် ရေးစပ်ထားတဲ့ #နောင်တမျက်ရည် သီချင်းကို လူတွေက တေးရေးဆရာ ဘယ်သူမှန်း မသိပဲ နာမ်မည်ကို လွယ်လင့်တကူ ထည့်သုံးကြတဲ့အခါ ကျွန်တော် မြေး တယောက်အနေနဲ့ ဝမ်းနည်းရပါတယ် စိတ်မကောင်းဖြစ်ရပါတယ် ဒါကတော့ ကျွန်တော် ကိုယ်တိုင်ခံစားဖူးခဲ့တယ်ဆိုတာ သိစေချင်လို့ပြောပြတာပါ

တေးရေးဆရာချမ်းဗိုလ်  ဟာလဲ ”သို့…. သက်ငယ်မုဒိန်းကောင်များ ” သီချင်းကို နှလုံးသားနဲ့ ရင်းပြီး ခံစားပြီး ရေးသားထားတာပါ ကျွန်တော် မှားပြောမိလိုက်တဲ့ ကိစ္စ မှာ ကိုချမ်းဗိုလ် အနေနဲ့ ဘယ်လောက် ခံစားသွားရမလဲဆိုတာ ကျွန်တော် ကိုယ်ချင်းစာလို့ရပါတယ် ကိုချမ်းဗိုလ် ကျွန်တော် ထပ်ပြီးတောင်းပန်ပါတယ်ဗျ

ကိုယ့်သီချင်းမဟုတ်ပဲဟုတ်ပါတယ်လို့ကျွန်တော်ဘယ်တော့မှပြောမှာမဟုတ်ပါဘူးခင်ဗျ#ကိုယ်ပိုင်သီချင်းဖြစ်နေရက်နဲ့​တခြားနာမယ်နဲ့ရေးသားသုံးနှုန်းလိုက်လို့ခံစားရတဲ့ခံစားချက်ကိုလဲကျွန်တော်သိပါတယ်ဗျ

ကျွန်တော် မေတ္တာ ရပ်ခံချင်ပါတယ် ဒီကိစ္စမှာကိုစောလားထော်ဝါးဟာ သူ့ကိုယ်ပိုင်သီချင်းဖြစ်နေတဲ့အတွက်သူပြောသင့်ပါတယ် သူ​ပြောတာကိုနားလည်ပေးစေချင်ပါတယ် ကိုလားလားနဲ့ စကားပြောပြီးပါပြီ #သိပ်ကိုသဘောထားပြည့်ဝတဲ့အဆိုရှင်ပါအားလုံးဟာကျွန်တော်စကားတစ်လုံးမှားသွားလို့ဖြစ်ခဲ့ရတာပါ အားလုံးကိုတောင်းပန်ပါတယ်