ကျောက်တော်မှာ AA ရဲ့လက်နက်ကြီးကြောင့် အရပ်သားတွေထိခိုက်လို့ တပ်မတော်စွပ်စွဲ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်တောင်ရွာနဲ့ တောင်ဘွယ်(မူ) ရွာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရခိုင့်တပ်တော် AA က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေ သခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က စွပ်စွဲလိုက်ပါတယ်။မြောက်တောင်ကျေးရွာက အမျိုးသမီးတစ်ဦး၊ တောင်ဘွယ်(မူ) ကျေးရွာက အမျိုးသမီး နှစ်ဦး အမျိုးသား တစ်ဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာလို့ တပ်မတော်ရဲ့ မနေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

တပ်ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး  AA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာ တပ်မတော်က သူတို့ပစ်ခတ်ပြီး AA ကိုစွပ်စွဲတာလို့ ခိုင်သုခက ပြန်ပြီး တုံ့ပြန်ထားပါတယ်။အဲဒီနေ့က ကျောက်တော်မြို့နယ် ဂါပုကျေးရွာမှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာမှာ ကလေးတစ်ယောက် သေဆုံးပြီး ငါးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အမျိုးအစားမသိတဲ့ လက်နက်ပစ္စည်းတစ်ခုကို ကလေးတွေက ကောက်ယူလာပြီး ရိုက်နှက်ထုခွဲ ကစားရာကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့က ကျန်ခဲ့တဲ့ လက်နက်ပစ္စည်းဆိုတာ မသိရသေးပါဘူး။မနေ့ကလည်း ကျောက်တော်မြို့နယ် မြောက်တောင်ကျေးရွာမှာပဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဘောလုံးကွင်းမှာကစားနေတဲ့ ကလေး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ၁၀ ရက်အတွင်းမှာ အရပ်သား ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ  ၃၀ အထိ ရှိနေတယ်လို့ ရခိုင်ပြည်တွင်းသတင်းမီဒီယာတွေ က ပြုစု ထားတဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။Cerdit:Min Thein Aung/RFAကြောကျတောျမွို့အဝငျ တဈနရောကို တှေ့ရစဉျ )