BPI ဆေးဝါးစက်ရုံမှူးအမှုတရားလိုပြန်လှန်စစ်ဆေးမေးမြန်းမှုမပြီးပြက်သေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ BPI ဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကိုဇန်နဝါရီ(၁၃)ရက်ကရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာရုံးထုတ်ခဲ့ပြီးတရားလိုဦးမိုးနိုင်ကိုစစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့ပါတယ်။

လက်ရှိ အမှုအခြေအနေမှာ တရားလိုရှေ့နေတွေရဲ့ စစ်ဆေးမေးမြန်း မှုတွေပြီးစီးသွားပြီး တရားပြိုင်ရှေ့နေဘက်က တရားလိုဘက်ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။“မေးနေတာကတော့ ရုံးချိန်း (၃) ပတ်ရှိသွားပြီ။ နောက်ထပ် ထပ်မေးဖို့လိုသေးတယ်။ နောက်ထပ်မေးစရာ မေးခွန်းတွေကလည်း ကျန်သေးတယ်ပေါ့နော်။ နောက် (၂၀) ရက်နေ့ကိုထပ်ချိန်းလိုက်ပါတယ်” လို့ အကျိုးဆောင်ရှေ့နေ ဦးထင်ဇော်လတ်က ပြောပါတယ်။

ဆေးဝါးထုပ်ပိုးပစ္စည်းတွေထုတ်လုပ်ဖို့ ကော်စေ့ (၂၆) တန်ကို လုပ်ထုံး လုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တာကြောင့် နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ပစ္ စည်းကိုထိခိုက်နစ်နာဆုံးရှုံးစေတယ်လို့ဆိုပြီး BPI စက်ရုံမှူးဒေါက်တာ အောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တာပါ။cr:သတင်း – ဖြိုးဝေလင်း