Asian

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂျပန်ဧကရာဇ် နာရူဟီတို၏ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်သည့် တရားဝင်ခရီးစဉ် (တတိယနေ့)

ဂျပန်နိုင်ငံတိုကျိုမြို့၌ရောက်ရှိနေသောနိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုကျိုမြို့ ဘုရင့်နန်းတော်၌ ကျင်းပသည့် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ထီးနန်းတက်ပွဲ အခမ်းအနားတွင် ဂျပန်ဧကရာဇ် နာရူဟီတိုက မိန့်ခွန်းပြောကြားပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးက ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် မိဖုရား မာဆာကိုတို့အား ချီးမွမ်း ထောပနာပြုကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။…

Read More

ဟောင်ကောင်ဆန္ဒပြပွဲ နောက်ဆုံး အခြေအနေ

ဒီသီတင်းပတ် ဟောင်ကောင်ဆန္ဒပြပွဲတွေကိုကြည့်ရင် နှစ်ဘက်လုံးက ရှေ့ဆက်တိုးနေကြတယ်ဆိုတာ တွေ့ခဲ့ရပြီး တဲ့နောက် သီတင်းပတ်ကုန်ဆန္ဒပြပွဲ အကြိမ် ၂၀ မြောက်တော့မှာဖြစ်ပါတယ်။ ဟောင်ကောင်အစိုးရကို တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို အလျှော့မပေးဘူးလို့ ဆန္ဒပြသူတွေက ပြောသလို အုပ်ချုပ်ရေးမှူးကလည်း လိုက်လျောမှာ မဟုတ်ဘူးလို့ ပြော ထားပါတယ်။ ဆန္ဒပြသူတွေက လက်မလျှော့ဘူးလို့ ပြောကြတဲ့အကြောင်း Anita Powell ဟောင်ကောင်ကနေ ပေးးပို့ထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။ ဟောင်ကောင်မှာ သီတင်းပတ်ကုန်တိုင်း…


“Singapore ah Matu Hlang meyet a om”

  South East Asia khui atah Singapore he aka rhoeng ram pakhat la a om van bang la asia hlang bueng mueh la europe neh atloe western hlang rhoek khaw bi aka bi hlang bahoeng…


စိတ်ကျရောဂါကြောင့် သင်းအုပ်ဆရာဆီလာပြီး အကူအညီတောင်းခဲ့ဖူးတဲ့ Sulli

ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ဖြစ်တဲ့  Kim Hyungkook ကတော့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက Sulli က သူ့ဆီကို လာရောက်ခဲ့တဲ့အကြောင်းနဲ့ ပတ်သတ်ပြီး ပြောပြလာတာဖြစ်ပါတယ်။Sulliကတော့ ရင်းနှီးတဲ့ မိတ်ဆွေတွေကနေ တစ်ဆင့် အဲဒီသင်းအုပ်ဆရာဆီကို ရောက်လာခဲ့တာဖြစ်ပြီး သူမရဲ့ စိတ်ကျရောဂါနဲ့ ပတ်သတ်ပြီး လာရောက်ဆွေး နွေးခဲ့တာဖြစ်ပါတယ်။ Sulli ကတော့ အရင်ကလည်း ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ သင်းအုပ်ဆရာဆီမှာ ဝန်ခံခဲ့ပါတယ်။ အဲဒီအချိန်ကတော့ Sulli ရဲ့ အခြေအနေက…


အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေ မြန်မာ့တပ်မတော်သွားရောက်လေ့လာ

အိန္ဒိယ၏ ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုအခြေအနေများကို လေ့လာရန် မြန်မာ့တပ်မတော်မှကိုယ်စားလှယ် (၁၀) ဦးတို့သည် အိန္ဒိယနိုင်ငံ သို့ရောက်ရှိနေပြီး အောက်တိုဘာလ (၁) ရက်နေ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ဒုတိယဗိုလ်ချူပ်ကြီး အောင်လင်းထွေးဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့သည် မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ် ပူးဇိုးရမ်းထန်းငါနှင့်တွေ့ဆုံစဉ်တွင် ဗဟိုနှင့် ပြည်နယ်များအကြား အုပ်ချူပ်ဆက်ဆံမှုနှင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ကုလားတန်စီမံကိန်းများလည်းဆွေးနွေးခဲ့ကြ သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် The Aizawl Post သတင်းစာတွင်ဖော်ပြသည်။…


ထိုင်းတော်ဝင်မိသားစု လုံခြုံရေး ဘတ်ဂျက် ကန်ဒေါ်လာ ၂၅၁ သန်းလျာထား

ထိုင်းဘုရင့်နန်းတော်နဲ့ တော်ဝင်မိသားတွေရဲ့ ၂၀၂၀ ခုနှစ် လုံခြုံရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၂၅၁ သန်းကျော် လျာထားတယ်လို့ အစိုးရရဲ့စာရင်းကြည့်ခွင့် ရလိုက်တဲ့ AFP သတင်းက မနေ့က ဖော်ပြလိုက်ပါတယ်။ ဒီအသုံးစရိတ်အတွက် အစိုးရအဖွဲ့ထဲမှာတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ပြီး၊ လွှတ်တော်ရဲ့ အတည်ပြုချက်ရဖို့ စောင့်နေပါတယ်။ ထိုင်းဘုရင်က တော်ဝင်မိသားစု လုံခြုံရေးအင်အားကို အရင်ကထက် လေးဆ တိုးမြှင့်လိုက်တဲ့အတွက် ၁၆၀၀ ကျော်ဖြစ်သွားပါတယ်။ ဘုရင့်ပိုင်ဆိုင်မှု ဗျူရိုအောက်မှာ ကုမ္ပဏီတွေ၊ ဘဏ်တွေ၊…


မလေးရှားရောက် တရားမ၀င် မြန်မာတွေ ဒဏ်ကြေး သက်သာ အစီအစဉ်နဲ့ ဌာနေပြန်မှုတိုး

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ တလအ တွင်းမှာ နေရပ်ပြန်သူတွေ များလာ နေကြောင်း မြန်မာသံရုံးက အတည်ပြုပါတယ်။ မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ အတွက် လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် ပြဌာန်းထားတဲ့ ဒဏ်ကြေးသက်သက်သာသာနဲ့ အပြီးသတ် ပြန်နိုင်တဲ့ ” Back For Good ” (B4G) Program ၊ တနည်းအားဖြင့် ( 6 +…


သေဒဏ်ကျ မြန်မာနိုင်ငံသား နှစ်ဦး သက်ညှာပေးရန် တပ်ချုပ် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦး အား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် တပ်ချုပ်မှ ထိုင်းဝန်ကြီးချုပ်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးထံ မေတ္တာရပ်ခံသည်။ ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသော တပ်မတော်…


မြန်မာနိုင်ငံသို့ Kilo ရေငုပ်သင်္ဘောပေးပို့ရန် အိန္ဒိယအဆင်သင့်ဖြစ်နေ

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်လာမည့် Kilo အမျိုးအစားရေ ငုပ်သင်္ဘောတစ်စင်းကို ပြည်တွင်း၌ ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် လွှဲပြောင်းပေး တော့မည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က Economic Times သတင်းတွင် ဖော်ပြခဲ့သည်။အဆိုပါ INS Sindhuvir ရေငုပ်သင်္ဘောကို လာမည့်နှစ်များအတွင်း ကိုယ်ပိုင်ရေငုပ်သင်္ဘောအုပ်စု ဖွဲ့စည်းရန် ပြင်ဆင်နေသည့် မြန်မာ့ရေတပ်က လေ့ကျင့်ရေးအတွက် အသုံးပြုမည်ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ၁၉၈၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ယူနီယံထံမှ ၀ယ်ယူခဲ့သည့် Kilo အမျိုးအစား…


မြန်မာရေတပ်အတွက် ပထမဆုံး ရေငုတ်သင်္ဘော အိန္ဒိယရောင်းချ

အိန္ဒိယအစိုးရက မြန်မာရေတပ်ကို  တပတ်ရစ် ရေငုတ်သင်္ဘောတစီး ဒီနှစ်အတွင်း ပေးပို့မယ်လို့ သိရပါတယ်။အိုင်အန်အက်စ် ဆင်ဒူဗီးယား (INS Sindhuvir) လို့ အမည်ပေးထားတဲ့ ရုရှားနိုင်ငံထုတ် ရေငုတ်သင်္ဘောကို အိန္ဒိယက ၁၉၈ဝ ပြည့်လွန်နှစ်တွေက ဝယ်ယူခဲ့တာဖြစ်ပြီး မြန်မာရေတပ်ကို အကြွေးစနစ်နဲ့ ပြန်လည်ရောင်းချဖို့အတွက် မွမ်းမံပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒါဟာ  ရေငုတ်သင်္ဘောအုပ်စု တည်ထောင်ဖို့ အစီအစဉ်ရှိတဲ့ မြန်မာ့တပ်မတော် ရေတပ်အတွက် ပထမဆုံး ရေငုတ်သင်္ဘောဖြစ်ပြီး၊ လေ့ကျင့်ရေးအတွက် အသုံးချမယ်၊ မြန်မာရေတပ်က သင်္ဘောသားတွေကို…


ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မွတ်စလင်ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တိုးတက်မလာသေးဘဲ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လွတ်လပ်စွာသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Burgener ကို ဒီနေ့ တင်ပြလိုက်တယ်လို့ မွတ်စလင်ဒုက္ခသည်တွေက ပြောပါတယ်။ စစ်တွေမြို့နယ်မှာရှိတဲ့ သက္ကယ်ပြင်မွတ် ဆလင်ဒုက္ခသည်စခန်းကို ဒီနေ့မနက်က လာရောက်လေ့လာတဲ့ Christine Burgener ကိုပြောလိုက်တာဖြစ်ပြီး မွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ပါ တင်ပြခဲ့တယ်လို့ မွတ်စလင်ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။…