Suports

ရုရှားနိုင်ငံသား နာမာဂိုမီဒေါ့ဗ်နဲ့ မကျေပွဲထိုးဖို့ မျှော်လင့်ထားတယ်လို့ မက်ဂရီဂေါ် ပြောကြား

အိုင်ယာလန်နိုင်ငံသား ကော်နာမက်ဂရီဂေါ်က သူနောက်ဆုံးရှုံးနိမ့်ထားခဲ့တဲ့ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်နဲ့ မကျေပွဲထိုးဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ မက်ဂရီဂေါ်ဟာ (UFC)ပြိုင်ပွဲတွေနဲ့ တစ်နှစ်ကျော်ဝေးကွာနေရာက ပြန်ထိုးတဲ့ပွဲမှာပြိုင်ဘက် ဆာရိုနီကိုစက္ကန့်(၄၀)တည်းနဲ့ အနိုင်ရခဲ့ပါတယ်။ သူ့အနေနဲ့အခုလိုနိုင်ပွဲရဖို့အတွက် အကောင်းဆုံးကြိုးစားပြင်ဆင်ခဲ့သလို ပရိသတ်အကြိုက် စွမ်းဆောင်ပြနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ မက်ဂရီဂေါ်က ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့(၂၀၂၀)အတွင်းမှာ (UFC)ပွဲစဉ်(၃)ပွဲ ထိုးသတ်ဖို့စီစဉ်ထား တယ်လို့လည်း သတင်း စာရှင်းလင်းပွဲမှာ မက်ဂရီဂေါ်က ပြောကြားခဲ့ပါတယ်။ နာမာဂိုမီဒေါ့ဗ်နဲ့မကျေပွဲကို ရုရှားနိုင်ငံမော်စကိုမှာထိုးသတ်ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ မက်ဂရီဂေါ်က“အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။…

Read More

လက်ချီကို အနိုင်ယူပြီး ပါးမားအသင်း ယူရိုပါလိဂ်ကစားခွင့်နေရာနဲ့ နီးစပ်လာ

အီတလီစီးရီးအေပွဲစဥ်(၁၉)ရဲ့နောက်ဆုံးပွဲအဖြစ် တနင်္လာနေ့မှာ ကစားတဲ့ပွဲမှာတော့ ပါးမားအသင်းက လက်ချီအသင်းကို(၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာကစားခဲ့တာဖြစ်သလို နောက်ဆုံး(၄)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ထားတဲ့ ပါးမားအသင်း အခုပွဲမှာလည်း ပုံစံကောင်းရခဲ့တာပါ။ ပထမပိုင်းမှာ အခွင့်အရေးတွေရပေမယ့် ပါးမားအသင်း အသုံးမချနိုင်ခဲ့သလို လက်ချီအသင်း ခံစစ်ပိုင်းကလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယပိုင်းမှာတော့ အိမ်ရှင်ပါးမားအသင်း ဖိအားပိုပေးလာပြီး အနိုင်ဂိုးတွေရခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို ပွဲချိန်(၅၇)မိနစ်မှာ နောက်ခံလူ လာကိုပိုနီက ခေါင်းတိုက်သွင်းယူခဲ့သလို ပွဲချိန်(၇၂)မိနစ်မှာ လူစားဝင်တိုက်စစ်မှူးကော်နီလီယက်စ်က အနိုင်သေချာစေမယ့် ဂိုးသွင်း ယူပေးခဲ့တာပါ။…