ကလေးမြို့နယ်တွင် ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှု(၁၂)မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယခု ၂၀၁၉ ခုနှစ်အတွင်း အတင်း အဓမ္မပြု ကျင့်ခံရသည့် သက်ငယ်မုဒိမ်းမှု ပေါင်း ၁၂ မှုရှိသည်ဟု အမျိုးသမီး အရေးလှုပ်ရှား နေသည့် ကလေးမြို့အခြေစိုက် Women for justice အဖွဲ့၏မှတ်တမ်း အရသိရသည်။

Women for justice အဖွဲ့၏ စီမံခန့်ခွဲမှူးကော်မတီ(၃)မှ ဒေါ်သန္တာအေးက “ကလေး တွေက ပိုပိုမလုံခြုံတာေ တွ့ရတယ် ဥပမာကျောင်းသွားရင်တောင်မှ ကျောင်းက ရောတကယ်လုံခြုံလား မေးခွန်းကပြန်ဖြစ်လာတဲ့အခြေအနေဖြစ်တယ်တချို့နေ ရာဒေသမှာ ကျောင်းဆရာတွေကပြုကျင့်တာတို့ အဲလိုမျိုးတွေလည်း ကြားရတယ်လေ အဲဒီတော့ အားလုံးကစိတ်ပူစရာပေါ့နော် အိမ်မှာနေတယ်ဆိုရင်လည်း ဥပမာနေနဲ့ သက်ငယ်မုဒိမ်းမှုတွေဖြစ်လို့ရှိရင် တကယ့်ကိုယ်နဲ့အနီးဆုံးလူကပေါ့နော် အဲလိုမျိုး ကျူးလွန်တာကလည်းအများကြီးတွေ့ရတယ် အဲဒီတော့ ဒါတွေကအမျိုးသမီး တွေအတွက် အရမ်းကိုခြိမ်းခြောက်မှုတွေဖြစ်လာတယ်”  ဟုပြောသည်။

Women for justice(WJ) မှပြုစုထားသည့် မှတ်တမ်းအရ ယခုနှစ်အတွင်း ကလေး ခရိုင်တွင် အသက် (၁၄) နှစ်အောက် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့်အမှု (၁၂) မှု ရှိပြီး၊ အသက် (၁၆) နှစ်အထက် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု (၄) မှုရှိခဲ့သည်ဟု သိရသည်။

အဆိုပါ အသက် (၁၄) နှစ်အောက် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ခံရသည့် အမှု (၁၂) မှုထဲမှ (၅၀ ရာခိုင်နှုန်း) သည် ချင်းအမျိုးသမီးငယ်များ ဖြစ်ကြ သည်ဟုသိရသည်။ ကလေးမြို့သည် ချင်းလူမျိုးများ အများစုနေထိုင်သည့် မြို့ဖြစ်သည်။ ယခုကဲ့သို့ ကလေးခရိုင်အတွင်း သက်ငယ်မုဒိမ်းမှု တစ်နှစ်ပြီးတစ်နှစ်ပိုများ လာသည့် အပေါ် အလွန်စိုးရိမ်မိကြောင်း အသိပညာပေးပိုင်းဆိုင်ရာကို များများလုပ်ဆောင်ဖို့ လိုအပ်သည်ဟု ရပ်ရွာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးရှေ့ဆောင်အဖွဲ့မှဦးဆောင်သူ ကို GS Mang ကပြောသည်။

“ဒီဟာကိုဘယ်လိုကာကွယ်ရင်ကောင်းမလဲဆိုရင် ကျနော်တို့ ချင်းတိုင်းရင်းသားတွေကအနည်းဆုံးတစ်ပတ်ကိုတစ်ခါ တနင်္ဂနွေနေ့ကိုတစ်ခါဘုရားကျောင်းကိုရောက် လေ့ရှိ တယ် ဘုရားကျောင်းမှာရှိတဲ့ ကျနော်တို့တရားဟောဆရာ/မတွေကနေတဆင့် ဒီသက် ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီးတော့ သိသင့်သိထိုက်တဲ့အချက်အလက်တွေကို သူတို့တရား ဟောတဲ့နေရာမှာထည့်သွင်းဟောပြောပေးမယ်ဆိုရင်ကျနော်တို့ချင်းတိုင်းရင်းသားအနေနဲ့ဒီသက်ငယ်မုဒိမ်းမှု အန္တရာယ်ကိုအများကြီးလျော့ချမယ်လို့ ကျနော်ယူဆတယ်” ဟုGS mang ကပြောသည်။

အမျိုးသမီးများလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမြှင့်မားလာသည်နှင့် အမျှ အိမ်ထောင်ရေး ပိုင်းတွင်လည်း အိမ်တွင်းအကြမ်းဖက်မှုသည်လည်းမြှင့်တက်နေကြောင်း Women for justice (WJ) ဒေါ်သန္တအေးကပြောသည်။ ထို့ကြောင့် အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုပ ပျောက်နိုင် ရန်အတွက် အသိပညာပေးဟောပြောပွဲများ များများပြုလုပ်ရန်လို အပ်ကြောင်း၊ ပြည်သူလူထု၊ အစိုးရဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်၍ ၀ိုင်းဝန်လုပ် ဆောင်ကြရန်လိုအပ်သည်ဟု ဒေါ်သန္တအေးကပြောသည်။ Women for justice (WJ)အဖွဲ့အစည်းသည် အမျိုးသမီးများအတွက်တရားမျှရေး ကိုအဓိကထားလုပ် ဆောင်နေသည့်အဖွဲ့ဖြစ်သည်။ credit: ခိုနူမ်းသုန်သတင်း၊ ၂၇ By လားနွန်