ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့မှပြုလုပ်မည့် ချင်းအမျိူးသားညီညွတ်ရေးဆွေးနွေးပွဲ ခွင့်ပြုချက်မရ

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှကြီးမှူးကျင်းပမည့် ချင်းအမျိုးသားများ ပိုမိုညီညွှတ်ငြိမ်းချမ်းရေးဆို င်ရာ ဒေသနှင့် လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းဖွံ့ဖြိုးညီညွတ်ရေး ဆိုင်ရင်ချင်းအမျိုးသားများ ဒုတိယအကြိမ် အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့က ကျင်းပခွင့့်မပေးကြောင်းသိရသည်။

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်ရှိ ထွဋ်ခေါင်ကြီးဟိုတယ်တွင် ယခုလ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြသည့် အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ချင်းအမျိူးသားတပ်ဦး(CNF) မှ ကိုယ်စားလှ ယ် (၈) ဦးတက်ရောက်မည့်ကိစ္စအပေါ် အမျိူးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန National Reconciliation and Peace Centre(NRPC) ၏ ခွင့်ပြုချက်မရရှိသေးသည့်အတွက် ကျင်းပခွင့် မပြုသေးခြင်း ဖြစ်သည်ဟု သိရသည်။

မင်းတပ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးစိုးလွင်က “ ဘာသာရေးပွဲတွေလုပ်မယ်ဆိုရင် ချင်းပြည်နယ်အစိုးရအဖွဲ့ကို ၁၄ ရက်ကြိုတင်ခွင့်ပြုချက်တင်ထားရတယ် ချင်းပြည်နယ်အစိုးရအဖွဲ့မှခွင့်ပြုချက်ရမှ လုပ်ရမယ်ဆိုတဲ့ဟာရှိတယ် ကျနော်တို့ဘက်ကတော့ တင်ထားပေး တယ် လောလောဆယ်တော့ ချင်းပြည်နယ်အစိုးရအဖွဲ့ကနေ ဘာမှအဖြေမကျလာသေးဘူး ချင်းပြည်နယ် အစိုးရအဖွဲ့ကနေ ခွင့်ပြုချက်ကျမှဘဲ ကျနော်တို့ခွင့်ပြုလို့ရမှာပါ” ဟု ခိုနူမ်းသုန်ကိုပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးစိုးထက်ဖြင့် ဆက်သွယ်မေးမြန် းသော်လည်း အစည်းအဝေးရှိသေးသည်ဟုဆိုကာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတက်ရောက်မည်ဖြ စ်ကြောင်း (NRPC) သို့ အသိပေးအကြောင်းကြားစာမိတ္တူနှင့် ယခုပွဲကျင်းပမည့်အဖွဲ့ချုပ်သည် ဘာသာရေး အဖွဲ့အစည်းဖြစ်ရာ ပါတီနိုင်ငံရေးမပါ၊ ဘာသာရေးသက်သက်သာ ဆောင်ရွက်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကတိဝန်ခံချက်နှင့်အတူ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်က မင်းတပ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံသို့ ခွင့်ပြုချက်တောင်းခံခဲ့ကြသည်။

သို့သော်လည်း ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတက်ရောက်မည့်ကိစ္စနှင့်စပ်လျဉ်း၍ (NRPC) ၏ ခွင့်ပြုချက်မရရှိသေးမီ (CNF) ကိုယ်စားလှယ်ပါဝင်တက်ရောက်ခွင့်၊  တွေ့ဆုံဆွေးနွေးပွဲကျင်းပ ခွင့်မပြုနိုင် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က အကြောင်းထားသည်ဟု မင်းတပ်မြို့နယ်စီမံခန့်ခွဲမှုကော် မတီဥက္ကဌ ဦးစိုးလွင်က ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ်ထံသို့ ပြန်လည်အေ ကြာင်းကြားထားသည့် အမိန့်စာတွင်ဖော်ပြထားသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့မှခွင့်ပြုချက်မရရှိသေးသဖြင့် ခွင့်ပြုချက်မရှိဘဲဆောင်ရွက်ပါက ဥပဒေအရ အရေယူမည်ဟု ယင်းအကြောင်းကြားစာတွင်ပါရှိသည်။ credit:ခိုနူမ်းသုန်သတင်း၊By လားနွန်