ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ ချင်းပြည်နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချင်းပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးခွဲ၊ ဟားခါးမြို့တွင် (၂၂.၁..၂၀၂၀)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးကြည်စောမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်နယ်စီမံကိန်းတာဝန်ခံမှ ပြည်နယ်အချုပ်စီမံကိန်း လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြခြင်း၊ State Office Consultant ဆရာဦး၀င်းရွှေမောင်မှ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အကြံပြုခြင်း၊ မြို့နယ်စီမံကိန်းတာဝန်ခံများမှ အသေးစိတ်ပြန်လည်တင်ပြခြင်းနှင့် သက်ဆိုင်ရာဌာနစိတ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြရာ

ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပြည်နယ်ဦးစီးမှူးမှ ပေါင်းစပ ်ညှိနှိုင်းပေးခဲ့ပါသည်။ အစည်းအဝေးသို့ ချင်းပြည်နယ်ကြီးကြပ်မှုအ တွင်းရှိ စီမံကိန်းမြို့နယ်များဖြစ်သော မတူပီနှင့်တွန်းဇံမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ CDD&DRD Team Leader များ၊ စီမံကိန်းဝန်ထမ်း(DRD&TTA)များ တက်ရောက်ခဲ့ကြပါသည်။