ပလက်ဝဒေသတွင် လုံခြုံရေးအခြေအနေကြောင့် မနေရဲ၍ ဆရာ၊ ဆရာမ ၂၀၀ ကျော်ပြောင်းရွေ့ခွင့်တင်ထား

တပ်မတော်နှင့် AA တို့ စစ်ရေးတင်းမာမှုများဖြစ်ပွားနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ ရှိသည့်ဆရာ၊ ဆရာမပေါင်း ၂၀၀ ကျော်မှာ လုံခြုံရေး အခြေအနေအရမနေရဲကြသည့်အတွက်  ပြောင်းရွေ့ ခွင့်တင်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု ဝန်ကြီးဦးစိုးထက်ကThe Ladies Newsသို့ပြောကြားသည်။

ပလက်ဝမြို့နယ်မှ ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များသို့ ပြောင်းရွေ့ခွင့်တ င်သည့် ဆရာ၊ ဆရာမဦးရေမှာ ၁၃၉ဦးရှိပြီး၊ တိုင်းခြား ပြည်နယ်ခြား ပြောင်း ရွေ့ခွင့်တင်သည့် ဆရာ၊ ဆရာမ ဦးရေကမူ ၆၇ဦး ရှိသည်ဟု ဆိုသည်။ဝန်ကြီးဦးစိုးထက်က ” တိုင်းခြားဆိုတာ ချင်းပြည်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး အခြား ဒေသတွေကို ပြောင်းချင် တဲ့ လူပေါ့။ ၆၇ယောက်ရှိပါတယ်။ ပြည်နယ်အတွင်းမှာ ပြောင်းချင်တာက ၁၃၉ ယောက်။ ပေါင်း ၂၀၆ ယောက် ရှိပါတယ်။ ၂၀၆ ယောက် ပြောင်းရွေ့ဖို့တင် ထားတာက အခုလောလောဆယ်တော့ ပြောင်းရွေ့ မိန့်တော့ မချပေးသေးပါဘူး” ဟုပြောကြားသည်။

ပလက်ဝမြို့နယ်အတွင်းမှ ပြောင်းရွေ့ခွင့်တင်ထားသော ဆရာ၊ ဆရာမ ၂၀၆ ဦးစလုံးမှာ ဒေသတွင်း လုံခြုံရေးအခြေအနေအရ မနေရဲသည့်အတွက် ပြောင်းရွေ့ခွင့် တင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။”မနေရဲတော့ဘူး။ မနေရဲတော့တဲ့အတွက် ပြောင်းရွေ့ဖို့ တင်ကြတဲ့သဘောပါ။ နေဖို့ကလည်း အခြေအနေက တော်တော်ဆိုးဝါးလာတဲ့ အနေအထားရှိတာပေါ့” ဟု ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမူ ပလက်မြို့နယ်၊ ဆီဖလောင်းရွာမှ မူလတန်းကျောင်းအုပ် ဆရာ ဦးအာဗေလနှင့်ရွာသားနှစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သည်။

ကျောင်းဆရာနှင့် ရွာသားနှစ်ဦးမှာ AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်သည်။ AA အဖွဲ့ကမူ ၎င်းတို့၏  လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၃၈၄ ကျောင်း၌ ဖွဲ့စည်းပုံအရ ဆရာ၊ဆရာမဦးရေ ၃၁၅၆ ဦးရှိရမည်ဖြစ်သော် လည်း လက်ရှိအချိန်တွင် ၁၂၆၄ ဦးသာခန့်အပ်နိုင်ပြီး၊ ဆရာ၊ ဆရာမဦးရေ ၁၈၉၂ ဦး လစ်လပ်နေကြောင်း ဝန်ကြီးဦးစိုးထက်ကပြောကြားသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေမှာ လေးထောင်ဝန်းကျင် အထက်ရှိနေပြီး၊ ဒေသခံ ၁၅ဦးထက်မနည်းကိုလည်း AA အဖွဲ့ကဖမ်းဆီးထားကြောင်း ချင်းပြည်နယ်အစိုးရထံမှ သိရသည်။ပုံ-  ချင်းပြည်နယ်အတွင်းမှ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ ။Crd- ချင်းပြည်နယ်ပညာရေးမှူ းရုံး။ ) အောင်ရဲနောင်The Ladies News

ပလက်ဝဒေသတွင် လုံခြုံရေးအခြေအနေကြောင့် မနေရဲ၍  ဆရာ၊ ဆရာမ ၂၀၀ ကျော်ပြောင်းရွေ့ခွင့်တင်ထားတပ်မတော်နှင့် AA တို့ စစ်ရေးတင်းမာမှုများဖြ စ်ပွားနေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း၌ ရှိသည့်ဆရာ၊ ဆရာမပေါင်း ၂၀၀ ကျော်မှာ လုံခြုံရေး အခြေအနေအရမနေရဲကြသည့်အတွက်  ပြောင်းရွေ့ ခွင့်တင်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု ဝန်ကြီးဦးစိုးထက်ကThe Ladies Newsသို ့ပြောကြားသည်။

ပလက်ဝမြို့နယ်မှ ချင်းပြည်နယ်အတွင်းရှိ အခြားမြို့နယ်များသို့ ပြောင်းရွေ့ခွင့်တင်သည့် ဆရာ၊ ဆရာမဦးရေမှာ ၁၃၉ဦးရှိပြီး၊ တိုင်းခြား ပြည်နယ်ခြား ပြောင်း ရွေ့ခွင့်တင်သည့် ဆရာ၊ ဆရာမ ဦးရေကမူ ၆ရဦး ရှိသည်ဟု ဆိုသည်။ဝန်ကြီးဦးစိုးထက်က ” တိုင်းခြားဆိုတာ ချင်းပြည်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး အခြား ဒေသတွေကို ပြောင်းချင် တဲ့ လူပေါ့။ ၆ရယောက်ရှိပါတယ်။ ပြည်နယ်အတွင်းမှာ ပြောင်းချင်တာက ၁၃၉ ယောက်။ ပေါင်း ၂၀၆ ယောက် ရှိပါတယ်။ ၂၀၆ ယောက် ပြောင်းရွေ့ဖို့တင် ထားတာက အခုလောလောဆယ်တော့ ပြောင်းရွေ့ မိန့်တော့ မချပေးသေးပါဘူး” ဟုပြောကြားသည်။

ပလက်ဝမြို့နယ်အတွင်းမှ ပြောင်းရွေ့ခွင့်တင်ထားသော ဆရာ၊ ဆရာမ ၂၀၆ ဦးစလုံးမှာ ဒေသတွင်း လုံခြုံရေးအခြေအနေအရ မနေရဲသည့်အတွက် ပြောင်းရွေ့ခွင့် တင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။”မနေရဲတော့ဘူး။ မနေရဲတော့တဲ့အတွက် ပြောင်းရွေ့ဖို့ တင်ကြတဲ့သဘောပါ။ နေဖို့ကလည်း အခြေအနေက တော်တော်ဆိုးဝါးလာတဲ့ အနေအထားရှိတာပေါ့” ဟု ဝန်ကြီးဦးစိုးထက်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမူ ပလက်မြို့နယ်၊ ဆီဖလောင်းရွာမှ မူလတန်းကျောင်းအုပ် ဆရာ ဦးအာဗေလနှင့်ရွာသားနှစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့သည်။ကျောင်းဆရာနှင့် ရွာသားနှစ်ဦးမှာ AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက်တွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းက ထုတ်ပြန်သည်။ AA အဖွဲ့ကမူ ၎င်းတို့၏  လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားသည်။

ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၃၈၄ ကျောင်း၌ ဖွဲ့စည်းပုံအရ ဆရာ၊ဆရာမဦးရေ ၃၁၅၆ ဦးရှိရမည်ဖြစ်သော် လည်း လက်ရှိအချိန်တွင် ၁၂၆၄ ဦးသာခန့်အပ်နိုင်ပြီး၊ ဆရာ၊ ဆရာမဦးရေ ၁၈၉၂ ဦး လစ်လပ်နေကြောင်း ဝန်ကြီးဦးစိုးထက်ကပြောကြားသည်။တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဦးရေမှာ လေးထောင်ဝန်းကျင် အထက်ရှိနေပြီး၊ ဒေသခံ ၁၅ဦးထက်မနည်းကိုလည်း AA အဖွဲ့ကဖမ်းဆီးထားကြောင်း ချင်းပြည်နယ်အစိုးရထံမှ သိရသည်။ပုံ-  ချင်းပြည်နယ်အတွင်းမှ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ ။Crd- ချင်းပြည်နယ်ပညာရေးမှူ းရုံး။ ) Credit to- အောင်ရဲနောင် The Ladies News