အရည်အသွေးမမီသော လုပ်ငန်းဆောင်ရွက်’မှုကိုလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက် မေးခွန်းထုတ်ပြီ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဆောင်ရွက်နေသော တချို့သော စီမံကိန်း များသည်အရည်အသွေးအားဖြင့် ပြည့်မီခြင်းမရှိဘဲ လုပ်ငန်းပြီးစီးရန်အတွက်သာ လုပ်ဆောင်နေကြောင်းကို ကိုယ်တိုင်ကွင်းဆင်းလေ့လာကြည့်မှသာ သိခဲ့ရသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က အံ့ဩစွာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ဇန်နဝါရီလ ၇ရက်နေ့က ယခုကဲ့သို့ ရေးသားမေးခွန်းထုတ်ထားသည်ကို တွေ့ရသည်။

လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ပလက်ဝမြို့နယ်က တချို့လုပ်ငန်းတွေက သက်ဆိုင်ရာကစိစစ်မှုအားနည်းတာလား၊၊ လုပ်ဆောင်နေတဲ့တာဝန်ရှိဌာနနဲ့လုပ်ငန်းရှင်တွေစေတနာမရှိတာလား။လွယ်တော့မလွယ်ပါဘူး။ ကွင်းဆင်းတော့ဌာနကိုတင်ပြတယ်။လက် တွေ့မှာကမထူးခြား။ဆက်လက်တင်ပြပါအုံးမယ်။ပြည်သူနဲ့အတူ” ဟု ရေးသားထားခြင်းဖြစ်သည်။

၎င်းတွေ့ခဲ့ရသော လုပ်ငန်းခွင်နှစ်နေရာရှိပြီး ရေပြွန်လုပ်ငန်းမှာ နတလကတည်ဆောက်သော ဆမီး-ယောင်ဝလမ်းပိုင်းမှ ဆမီး-ငါးဝကြားတွင်တည်ရှိပြီး၊ ကျောက်ချောခင်းသောလမ်းလုပ်ငန်းပိုင်းမှာ ဘွေလီနှင့် အောက်ပီွရွာအကြား လမ်းအထူး12 ကျောက်ချောခင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

“ဘယ်လိုလုပ်ကြလဲတော့မသိတော့ပါဘူး။ဌာနကဆောက်သလိုလို။။ကုမဏီကဆောက်သလိုလိုဘဲ။ကျောက်ခဲပုံက လမ်းအထူး12ကခင်းတဲ့ပုံပါ။ခုတော့ပြန်လုပ်ခိုင်းပါပြီ။ နတလဌာနကိုရော့။ လမ်းအထူး12ကိုရော့သေချာပြန်ပြောပေးထားတယ်။ကျွန်တော်မရှိတဲ့နောက်ပိုင်း ဘယ်လိုဆက်လုပ်ကြလဲတော့မသိဘူး” ဟု ဆလိုင်းမျိုးထိုက်က ခူမီးမီဒီယာသို့ ပြောသည်။