မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မတူပီ၊ ဖေဖော်ဝါရီ – ၁၃ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဉီးအုပ်နောလ် နှင့် မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မတူပီခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဉီးအုပ်နောလ် က အမှာစကား ပြောကြားပြီး ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဉီးလင်းကျော် က ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ အနေဖြင့် ဆောင်ရွက်ရမည့်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း ဟောပြော ဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ နှင့် နိုင်ငံ ရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။credit:ဆလိုင်းအောင်(ပြန်/ဆက်)