မတူပီမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊CSOများ နှင့်ပြည်နယ်၊ခရိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းကျင်းပ

မတူပီ၊ ဖေဖော်ဝါရီ – ၁၄ ပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအ ဖွဲ့ဝင်များနှင့် မတူပီမြို့နယ်အတွင်းရှိ  နိုင်ငံရေးပါတီများ၊ CSOများ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မ ရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဉီးအုပ်နောလ် က အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ CSOများနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက် ခဲ့ကြသည်။ ဆက်လက်၍ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအဲလ်ပဲန်လောမ် က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော် က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍနှင့် CSO များ၏အခန်း ကဏ္ဍများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မတူပီမြို့နယ် အတွင်းရှိ နိုင်ငံရေးပါတီများနှင့်

CSOများ က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ၊ CSOများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။credit:ဆလိုင်းအောင်(ပြန်/ဆက်)