မတူပီမြို့ ၌ မြန်မာနိုင်ငံ ကလေးများနေ့ အကြိုအခမ်းအနားကျင်းပ

မတူပီ၊ ဖေဖော်ဝါရီ – ၁၂ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန က ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံကလေးများနေ့ အကြို အခမ်းအနားကို ယနေ့နံနက် ၈း၃၀ အချိန်က မတူပီမြို့ ဘုံတလာခန်းမ ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က အမှာစကား ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မတူပီမြို့နယ်အတွင်းရှိ မူကြို ကျောင်း များမှ ကလေးငယ်များက တေးသရုပ်ဖော် ကပြဖျော်ဖြေခဲ့ရာ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်မြင့် ကျော် နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်မူမူသန်း တို့က ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မူကြိုကျောင်း ဆရာမ များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ credit: ဆလိုင်းအောင်(ပြန်/ဆက်)