မတူပီမြို့ ၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထမ်းအမှတ် အလံတင်အ လေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မတူပီ၊ ဖေဖော်ဝါရီ – ၁၂(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅း၃၀ အချိန်က မတူပီမြို့ ဘုံတလာပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ဲကြသည်။

ထို့နောက် နံနက် ရး၀၀ နာရီအချိန်က ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနား ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ဖတ်ကြားသည်။

ယင်းနောက် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့်၊အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူကျောင်းသားများအား မတူပီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သိန်းနွယ်လှိုင်၊ မတူပီခရိုင်တရားသူကြီး ဦးစောသန်းဦး နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်တို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာန၊ မတူပီမြို့နယ်ရုံး ဝန်ထမ်းများက (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ကို  အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသား များထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။Credit:ဆလိုင်းအောင်(ပြန်/ဆက်)