မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် မတူပီမြို့၌ကျင်းပ

မတူပီ ၊ ဇန်နဝါရီ – ၁၄ မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်း၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပရာ မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ နှင့် ပြိုင်ပွဲ၀င် အားကစားသမားများ က နိုင်ငံတော်အလံ အလေးပြုခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးတင်လွေးက ကျောင်းသား/သူ များ၏ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ပြိုင်ပွဲများကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မတူပီမြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၂၀ မှ ပြိုင်ပွဲ၀င် အားကစားသမားများ က အားကစား သစ္စာအဓိဌာန်(၄)ချက် ရွက်ဆိုခဲ့ကြသည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ၅ ရက် ကျင်းပမည်ဖြစ်ပြီး မတူပီမြို့နယ်အတွင်းရှိ ထက်၊လယ်၊မူအဆင့် ဘောလုံ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောနှင့် ပြေးခုန်ပြစ်အားကစားများအပြင် ဉာဏပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပ မည်ဖြစ်ကြောင်းသိရသည်။ credit:ဆလိုင်းအောင်(ပြန်/ဆက်)