လက်ချီကို အနိုင်ယူပြီး ပါးမားအသင်း ယူရိုပါလိဂ်ကစားခွင့်နေရာနဲ့ နီးစပ်လာ

အီတလီစီးရီးအေပွဲစဥ်(၁၉)ရဲ့နောက်ဆုံးပွဲအဖြစ် တနင်္လာနေ့မှာ ကစားတဲ့ပွဲမှာတော့ ပါးမားအသင်းက လက်ချီအသင်းကို(၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ကွင်းမှာကစားခဲ့တာဖြစ်သလို နောက်ဆုံး(၄)ပွဲမှာ (၁)ပွဲသာ ရှုံးနိမ့်ထားတဲ့ ပါးမားအသင်း အခုပွဲမှာလည်း ပုံစံကောင်းရခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေရပေမယ့် ပါးမားအသင်း အသုံးမချနိုင်ခဲ့သလို လက်ချီအသင်း ခံစစ်ပိုင်းကလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယပိုင်းမှာတော့ အိမ်ရှင်ပါးမားအသင်း ဖိအားပိုပေးလာပြီး အနိုင်ဂိုးတွေရခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးကို ပွဲချိန်(၅၇)မိနစ်မှာ နောက်ခံလူ လာကိုပိုနီက ခေါင်းတိုက်သွင်းယူခဲ့သလို ပွဲချိန်(၇၂)မိနစ်မှာ

လူစားဝင်တိုက်စစ်မှူးကော်နီလီယက်စ်က အနိုင်သေချာစေမယ့် ဂိုးသွင်း ယူပေးခဲ့တာပါ။ အခုနိုင်ပွဲကြောင့် ပါးမားအသင်းဟာ ရမှတ်(၂၈) မှတ်နဲ့အ ဆင့်(၇)ကိုတက်လာနိုင်ခဲ့သလို အဆင့်(၆)နေရာက ကက်ဂလီယာရီ အသင်းနဲ့(၁)မှတ်သာကွာတော့လို့ ယူရိုပါလိဂ်ကစားခွင့်နေရာနဲ့ပါ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ ဘာသာပြန် – နေလွင်