ကိုရိုနာဗိုင်းရပ်စ် သေဆုံး ၁၃၆၂ နဲ့ ကူးစက် ၆၀၀၀၀ ကျော်ပြီ

ကြာသပတေးနေ့ မနက် နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း အခုအချိန်ထိ သေဆုံးသူ စုစုပေါင်း  ၁၃၆၂  ဦးရှိပြီး ကူးစက်ဖြစ်ပွားနေသူ ၆ဝဝ၈၁ ရှိပါတယ်။ ရောဂါပိုး ကူးစက်ဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူက ၅၉၀၅ ရှိပါပြီ။ပြီးခဲ့တဲ့  ရက်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်သူ ဦးရေ ကျဆင်းသွား ခဲ့တဲ့အတွက် ဒီရောဂါ ကင်းစင်ပပျောက်ဖို့ မျှော်လင့်ချက်တွေ မြင့်မားလာနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ပင် ကတော့ ဒါဟာ တိုးတက်ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ လုံ့လဝိရိယတွေကို လျှော့ချလိုက်လို့ မဖြစ်သေးပဲ စစ်ပွဲကြီး တစ်ပွဲကို ရင်ဆိုင်နေရတဲ့အတိုင်း ဆက်လက် တိုက်ပွဲဝင်ကြဖို့လိုတယ်လို့ မနေ့က သတိပေး လိုက်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဂယ်ဘရိုက်စပ် ကလည်း COVID -19 လို့ အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုဟာ အမြင့်မားဆုံး အဆင့်ကို ရောက်ရှိနေပြီလား၊ ပပျောက်ကင်းစင်သွားတော့မှာလား ဆိုတာကို ခန့်မှန်းပြောကြားရန် စောလွန်းသေးတယ်လို့ ပြောပါတယ်။ ဂျနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ WHO အစည်းအဝေးမှာ တရုတ် သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆေး နှစ်မျိုးကို စမ်းသပ်နေကြောင်း ပြောကြားခဲ့ပါတယ်။  လူနာတချို့ကို အဲဒီ ဆေး နှစ်မျိုး နဲ့ စမ်းသပ်ကုသနေကြောင်း ရက်အနည်းငယ်အတွင်း ရလဒ်သိရှိမယ်လို့ မျှော်လင့်ကြောင်း WHO  အရာရှိ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် တရုတ်ပြည်က ဒီဗိုင်းရပ်စ် လူနာ တချို့ကို အမေရိကန် Gilead ဂီလီးယက် ကုမ္ပဏီ က ထုတ်လုပ်ပေးပို့လိုက်တဲ့  Remdesivir ရမ်ဒီစီဗီယာ ဆေးနဲ့ မကြာခင် စမ်းသပ်ကုသမယ်လို့ ဆိုပါတယ်။တရုတ်သမ္မတ ရှီကျင့်ပင်က ဒီရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွါးရေးလုပ်ငန်းတွေကို အခွန်ငွေ လျှော့ချမှုအပါအဝင် လိုအပ်သလို ကူညီပံ့ပိုးပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း စင်္ကာပူ UOB ဘဏ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့နိုင်ငံက ထိခိုက်နစ်နာသွားတဲ့ စီးပွါးရေးလုပ်ငန်းတွေကို ကျားကန်ပေးဖို့အတွက် စင်္ကာပူ ဒေါ်လာ သန်း ၃ဝဝဝ (ကန် ဒေါ်လာ ၂.၁၆ ဘီလီယံ) ထုတ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီ ရံပုံငွေကို အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ဦးစားပေး ထုတ်ချေးမယ်လို့ ပြောပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ  ဧပြီလလောက်မှာ လုံးဝ ကင်းစင်ပ ပျောက်သွားနိုင်တယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှုတွေ လျှော့နည်းသွားပြီးနောက် နယူးယောက်မြို့ Wall Street ကမ္ဘာ့ အစုရှယ်ယာဈေးကွက်မှာ မနေ့က ဈေးတွေ ပြန်တက်လာခဲ့ပါတယ်။

ဒီအတောအတွင်း ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို စုံစမ်းနေတဲ့ ဒေသခံ စေတ နာ့ဝန်ထမ်း သတင်းထောက်တဦး မနေ့က ထပ်မံ ပျောက်ဆုံးသွားပါတယ်။ အဲဒီ Fang Bin ဆိုတဲ့ သတင်းထောက်ဟာ လူနာတွေ ဆေးရုံမှာ ပြည့်လျှံနေပုံနဲ့ အလောင်းတွေ မီးသြင်္ဂိုဟ်ဖို့ ကားပေါ်တင်ထားပုံတွေကို ဗီဒီယိုရိုက်ပြီး ဖြန့်ခဲ့သူဖြစ်ပါတယ်။  ပြီးခဲ့တဲ့ သောကြာနေ့ကလည်း Chen Qiushi တခြား သတင်းထောက်တစ်ဦး ပျောက်ဆုံး သွားခဲ့တဲ့ အတွက် စုစုပေါင်း နှစ်ဦး ရှိပါပြီ။ အဲဒီ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ တရုတ် ကွန်မြူနစ်အစိုးရရဲ့ သတင်းမှောင်ချ ပိတ်ဆို့မှုတွေကို အံတု နေသူတွေ ဖြစ်ပါတယ်။

ဒီအတွင်းမှာပဲ လူဦးရေ သန်းနဲ့ချီတဲ့ ဝီးဂါးမွတ်ဆလင်တွေကို အကျဉ်းစခန်းတွေနဲ့ အကျယ်ချုပ်ချထားတဲ့ ယင်ကျန်းပြည်နယ်မှာ လူအနည်းဆုံး ၉၉ ဦးကို ဒီဗိုင်းရပ်စ် သံသယရှိတဲ့အတွက် သီးသန့်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အဲဒီပြည်နယ်က သတင်းတွေကို တရုတ်အစိုးရက မှောင်ချထားတဲ့ အတွက် တရုတ်အစိုးရက ဉာဏ်သစ်လောင်းစခန်းလို့ အမည်ပေးထားတဲ့ အဲဒီ အကျဉ်းစခန်းတွေက အခြေအနေတွေကို အတိအကျ မသိရပါဘူးcredit:RFA /APတရုတျနိုငျငံ၊ ပကေငြျးမွို့မှာ နှာခေါငျးစညျးတပျဆငျထားသူနှဈဦးကို တှေ့ရစဉျ