ဆော်ဒီအိမ်ရှေ့မင်းသားနှင့် ဂျပန်ဝန်ကြီးချုပ်တို့ သမိုင်းဝင် အယ် အူလာမြို့တွင် တွေ့ဆုံ

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘေးတို့ဟာ အခုလ(၁၂)ရက်က ဆော်ဒီအာရေဗျ နိုင်ငံ ရှေးဟောင်း အမွေအနှစ်မြို့ဖြစ်တဲ့ အယ်လ် အူလာမှာ တွေ့ဆုံခဲ့ကြပါတယ်။ဆော်ဒီနိုင်ငံ အနောက်မြောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ အယ်လ်-အူလာဟာ ရေနံအပြင် အခြားစီးပွားရေးလုပ်ငန်းတွေ ထပ်မံလုပ် ဆောင်သွားမယ့်ဆော်ဒီရဲ့အ စီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဆော်ဒီဟာ အရင်က ဆယ်စုနှစ်များစွာ သီးသန့်နေလာရာကနေ အခုအခါ စီးပွားရေးလမ်းဖွင့်မှုတွေ ပိုမို လုပ်ဆောင်လာနေတာပါ။

အယ်လ်-အူလာမြို့ကို အစ္စလာမ်မဟုတ်တဲ့ကမ္ဘာလှည့်ခရီး သွားတွေကို ဆွဲဆောင်နိုင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင် နေတာပါ။၊အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ မြှင့်တက်နေချိန်မှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးဟာ ဆော်ဒီအာရေဗျနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ဂျပန်စစ်သင်္ဘောတွေတပ်ဖြန့်ချထားချိန်နဲ့ပါ တိုက်ဆိုင်နေပါတယ်။

အရှေ့အလယ်ပိုင်းတင်းမာမှုတွေ လျှော့ချနိုင်ရေးအတွက် အခုခရီးစဉ်မှာ အဓိကဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဂျပန်အစိုးရက ထုတ်ပြန်ထားပါတယ်။ တင်းမာမှုတွေကို သံတမန်ရေးနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ဂျပန်အစိုးရက ယုံကြည်နေတာပါ။Abeဟာ အရှေ့အလယ်ပိုင်းခရီးစဉ်အဖြစ် အိုမန်နဲ့ UAE နိုင်ငံတွေကိုလည်း သွားဖို့စီစဉ်ထားကြောင်း ရိုက်တာသတင်းမှာဖော်ပြထား ပါတယ်။ ဘာသာပြန် – ခိုင်စန္ဒာကျော်