ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ အီရန်ခေါင်းဆောင် တိုက်တွန်း

အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒေသတွင်းနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်တာကို တိုးမြှင့်ပေးဖို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက အခုလ(၁၂)ရက်က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နဲ့အပေါင်းအပါတွေကြောင့် ဒေသတွင်းအခြေအနေဟာ မတည်မငြိမ်ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခု တည်းသော နည်းလမ်းက ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားကိုးဖို့ပါပဲလို့ ခါမေနီက အီရန်နိုင်ငံကို ရောက်နေတဲ့ ကာတာ စော်ဘွား ရှိတ်တာမင်ဘင်ဟာမတ်အယ်သာနီ ကို ပြောခဲ့တာပါ။

ကာတာစော်ဘွားက အခုလ (၁၂) ရက်အစောပိုင်းက အီရန်သမ္မတ ဟန်ဆန်နဲ့ တွေ့ဆုံစဉ်မှာ အထိအခိုက်မခံတဲ့ အခြေအနေဖြစ်နေ တဲ့ ဒေသတွင်းပြဿနာကို ဖြေရှင်းရေးအတွက် ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ ရန်ပွဲကိုပြေလျော့အောင်လုပ်ဖို့ လိုတယ်လို့ပြောခဲ့ပါတယ်။

ကာတာနိုင်ငံဟာ အမေရိကန်နဲ့ရော အီရန်နဲ့ပါ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ အီရန်ကြားမှာ ကြားဝင်စေ့စပ် ပေးဖို့ အသင့်ဖြစ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်က အီရန်အပေါ် အရေးယူပိတ်ဆို့တာတွေ လုပ်ဆောင်နေတာကို ထောက်ခံတဲ့ တခြားအာရပ်ပင်လယ်ကွေ့နိုင်ငံတွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  ဘာသာပြန် – စုစံစိုး