ယူကရိန်းလေယာဉ် မှားယွင်းပစ်ခတ်ခဲ့တဲ့ အီရန်အစိုးရကို ပြည်သူတွေ ရှူတ်ချ

ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ခတ်တဲ့အပေါ် အီရန်ပြည်သူတွေက အခုလ(၁၂)ရက်မှာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရှူတ်ချခဲ့ပါတယ်။အခုလ(၈)ရက်က တီဟီရန်ရှိ အီမမ် ခိုမီနီ နိုင်ငံတကာ လေဆိပ်ကနေ ပျံအတက်မှာ ပျက်ကျသွားတဲ့ ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ချခဲ့တယ်လို့ အီရန်ဘက်က အခုလ(၁၁) ရက်က ဝန်ခံပြီးတဲ့နောက်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက အခုလို ရှူတ်ချဆန္ဒပြတာဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ တက္ကသိုလ် ကျောင်းသူကျောင်း သားတွေလည်း ပါဝင်ပြီး၊  မြို့တော်တီဟီရန်မှာရှိတဲ့ အမေရိကန်သံရုံးဟောင်းအနီး အာမီး ခါဘီ တက္ကသိုလ် အပြင်ဘက်မှာ စုရုံးခဲ့တာပါ။စိတ်ဆိုးဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဩဇာကြီးမားတဲ့ ခေါင်းဆောင် အာယာတိုလာ အလီ ခါမီနီ ကို ရာထူးကနေ ဆင်းပေးဖို့နဲ့ လေယာဉ်ပျက်ကျမှုအတွက် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ကြွေးကြော် ခဲ့ကြပါတယ်။

ယူကရိန်း လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၃၇ လေယာဉ်ဟာ အခုလ ၈ ရက်နေ့တုန်းက တီဟီရန်မြို့မှာရှိတဲ့ အင်မမ် ခိုမေနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပျံအတက်မှာ ပျက်ကျသွားခဲ့ပြီး၊ လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ခရီးသည်အားလုံး သေဆုံးခဲ့ပါတယ်။Source: CNN, Photo: AFP